ဥရောပပြိုင်ပွဲ(Fairs Cup အပါအဝင်) ဆီမီးဖိုင်နယ်အဆင့်သို့ (၁၈)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး လီဗာပူးလ်(၁၉ ကြိမ်)ပြီးလျှင် အများဆုံးဖြစ်နေသည်။
ဥရောပပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များတွင် ပေးဂိုးမရှိဘဲ (၃)ပွဲဆက်တိုက် အနိုင်ရခြင်းမှာ ၂၀၀၈ ခုနှစ် ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။
အိုးလ်ထရက်ဖို့ဒ်၌ကစားသည့် ယူရိုပါလိဂ်အိမ်ကွင်း နောက်ဆုံး(၁၇)ပွဲဆက် ရှုံးပွဲမရှိကစားခဲ့ပြီး (၁၃)ပွဲနိုင်၊ (၄)ပွဲသရေရလဒ် ထွက်ပေါ်ထားသည်။
၂၀၂၁ ခုနှစ်အတွင်း ကစားထားသည့် ယူရိုပါလိဂ် (၆) ပွဲတွင် (၅) ပွဲ၌ Clean Sheet ရရှိခဲ့သည်။
ပထမအကျော့၌ အနိုင်ကစားထားသည့် နောက်ဆုံး(၂၃)ကြိမ်တွင် နောက်တစ်ဆင့်တက်ရောက်နိုင်မှု (၂၂)ကြိမ်အထိ ရှိခဲ့သည်။
မန်ယူကွင်းလယ်လူ ပေါ့ဘာသည် ပြိုင်ပွဲစုံ နောက်ဆုံး(၄)ပွဲတွင် (၃)ကြိမ်အထိ ဂိုးဖန်တီးပေးခဲ့ပြီး ယင်းမတိုင်မီ (၅၁)ပွဲတွင် စွမ်းဆောင်နိုင်သည့်ပမာဏနှင့် တူညီခဲ့သည်။