spot_img

ဂန်းနားတို့ မရှုံးနိုင်ဘူးဆိုတဲ့ မန်စီးတီး Vs အာဆင်နယ် ပွဲအပေါ် ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက်

” ဒီပွဲက အာဆင်နယ် အသင်း လုံးဝ ရှုံးလို့ မရတဲ့ ပွဲပါ ။ သူတို့သာ ရှုံးရင် အရာ အားလုံး ပြီးဆုံး သွားပါပြီ၊ နောက်ပြီး မန်စီးတီး ခြေချော်လို့တောင် ရနိုင်တဲ့ အနေအထား ဖြစ်သွားမှာပါ ၊ ပွဲတွေ အများကြီး ကစားဖို့ ကျန်နေသေးပေမယ့် မန်စီးတီး က နိုင်ပွဲတွေ ဆက်တိုက် ရနေတာပါ ။ သူတို့ ရီးရဲလ် မက်ဒရစ် နဲ့လည်း ရင်ဆိုင် ကစားရဖို့ ကျန်နေပါသေးတယ် ၊ နှစ်ကျော့ကစားပြီး ထွက်ခွာ ခဲ့ရရင်တော့ မန်စီးတီး အသင်းရဲ့ ယုံကြည်မှုကို ထိခိုက် နိုင်ပါတယ် ။ ”

” စီးတီး မှာ နသန် အကီ မကစားနိုင်ဘူး ဖြစ်နေပါတယ် ၊ သူက အာဆင်နယ် နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲ စလုံးမှာ ဆာကာ ကို အိတ်ကပ် ထဲ ထည့်ထား ခဲ့တာပါ ၊ သူ မပါနိုင်တာက စီးတီး အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ပါပဲ ၊ ဘိုင်ယန်နဲ့ ပွဲမှာလည်း ဆာနေး နှင့် ကိုးလ်မန်း တို့က စီးတီး ရဲ့ ခံစစ်ကို အန္တရယ် ပေးနိုင်ခဲ့ပါတယ် ။ ”

myan789

” အာဆင်နယ် ရဲ့ တောင်ပံ နှစ်ဖက် မှာ ကစားတဲ့ ဆာကာ နှင့် မာတင်နယ်လီ နှစ်ဦးစလုံးက စီးတီး ရဲ့ခံစစ်ကို ပြဿနာ တစ်ချို့ တက်အောင် လုပ်နိုင်စွမ်း ရှိပါတယ် ။ အာဆင်နယ် က ပြီးခဲ့တဲ့ တစ်ပတ်မှာ ဂျော်ဂျင်ဟို အစား ဗီအဲရာ ကို ထည့်ကစားခဲ့ပါတယ် ၊ တကယ့်ကို မယုံနိုင်စရာပါပဲ ၊ အာဆင်နယ် က ပွဲကြီးပွဲကောင်းတွေမှာ ပွဲကို အေးဆေး ထိန်းနိုင်ဖို့ ဂျော်ဂျင်ဟို ကို ထည့်ကစားပါတယ် ။ ဆောက်သမ်တန် နဲ့ ပွဲမှာ ဂျော်ဂျင်ဟို ကို အရန်ခုံ ထိုင်ခိုင်းတာက ကြီးမားတဲ့ အမှားလို့ ထင်ပါတယ် ။ ”

” ဂျော်ဂျင်ဟို ကို အရန်ခုံမှာ တွေ့ရတာလောက် ဆောက်သမ်တန် အသင်း ကံကောင်းတာ ရှိတော့မှာ မဟုတ်ပါဘူး ။ သူက ကွင်းလယ်မှာ အထိုင်ကျပြီး ပွဲကို လိုသလို ထိန်းချုပ် ကစားပေးနိုင်သူပါ ၊ ဆလီဘာ မကစားနိုင်ချိန် ဟိုးလ်ဒင်း နဲ့ ကစားနေရတော့ အာဆင်နယ် အသင်း ခံစစ် က ကွင်းလယ်ရဲ့ ကာကွယ်မှုကို ပိုပီး လိုအပ်ပါတယ် ၊ အာတီတာ က ဒီရာသီမှာ အမှား များများစားစား မလုပ်ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ သူ မှားခဲ့ပါတယ် ။ ”

” အာဆင်နယ် က ခုချိန်မှာ ပွဲတိုင်း အနိုင်ရဖို့ လိုအပ်ပါတယ် ၊ ပက်ဂွာဒီယိုလာ ကိုယ်တိုင် က သူတို့ ကစားသမားတွေ ပင်ပန်းနေကြပီ လို့ ပြောထားပါတယ် ၊ နည်းပြ က အဲ့လို ပြောလာရင် ကစားသမားတွေလည်း နည်းပြ စကားကို ယုံကြည် လာကြပါတယ် ၊ ဒီပွဲသာ သရေကျရင် စီးတီး က ထိပ်ဆုံးမှာ ဦးဆောင်နိုင်ဖို့ လက်ကျန် ၂ ပွဲ စလုံးကို အနိုင် ကစားဖို့ လိုအပ်သွားမှာပါ ။ ”

” အခု အခြေအနေက တင်းနစ်မှာ ၅-၃ နဲ့ အရေးနိမ့်နေတဲ့ အခြေအနေလိုမျိုးပါပဲ ၊ မန်စီးတီး ​က သိပ်ကောင်းနေတာမှန်ပါတယ် ၊ ဒါပေမယ့် လူတိုင်းက စိုးရိမ်စိတ်တွေ ဖြစ်ပြီး ဖိအားတွေအောက် ကျရောက်တတ်တာ ကို မေ့ထားလို့ မရပါဘူး ၊ အာဆင်နယ် က ယုံကြည်မှုတွေ လွန်ကဲ နေခဲ့တာပါ ၊သူတို့ ဝက်စ်ဟမ်း နှင့် ဆောက်သမ်တန် ကို သက်သောင့် သက်သာ အနိုင် ကစားနိုင်ခဲ့သင့်တာပါ ၊ ချန်ပီယံဆုအတွက် တိုက်ပွဲ ဝင်နေချိန်မှာ အဲ့ဒီလို အမှတ်လျှော့လို့ မရပါဘူး ၊ အာဆင်နယ် အသင်းမှာ မန်စီးတီး ကို နာကျင်အောင် လုပ်နိုင်စွမ်း ရှိတဲ့ ကစားသမားတွေ ရှိပါတယ် ၊ ကျနော် ကတော့ အာဆင်နယ် အသင်း အီတီဟက် မှာ ရလဒ် တစ်ခုခု ရယူ နိုင်မယ်လို့ ထင်ပါတယ် ။ ”

ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက် : မန်စီးတီး ၁-၁ အာဆင်နယ်

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular