ကြားရက် ဥရောပ ပြိုင်ပွဲ ပွဲစဉ်တွေ ကစားခဲ့အပြီးမှာတော့ ဒီပိတ်ရက်မှာ လိဂ်ပြိုင်ပွဲ တွေ ဆက်လက် ကစားမှာ ဖြစ်ပါတယ် ။ ဒီတစ်ပတ် ပရီးမီးယားလိဂ် မှာ ထိပ်ဆုံး က မန်စီးတီး အသင်းဟာ အဲဗာတန် အသင်း နဲ့ တွေ့ဆုံ နေပြီး အာဆင်နယ် အသင်း ကတော့ ဘရိုက်တန် အသင်း နဲ့ တွေ့ဆုံ နေပါတယ် ။
ဂန်းနားဟောင်း ပေါလ်မာဆင် ကတော့ ဒီတစ်ပတ် မှာ အာဆင်နယ် အသင်းဟာ ဘရိုက်တန် အသင်းကို ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံ အိပ်မက် ကို ဆက်လက် အသက်သွင်းသွားမှာ ဖြစ်တယ်လို့ Sportskeeda မှာ ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ နောက်ဆုံး နှစ်ပွဲဆက် ချဲလ်ဆီး ၊ နယူးကာဆယ် တို့ကို အနိုင်ယူထားတဲ့ အသင်း ဖြစ်ပြီး ဘရိုက်တန် ကတော့ နောက်ဆုံး ပွဲမှာ အဲဗာတန် ကို ၁-၅ နဲ့ ဂိုးပြတ် အရေးနိမ့် ထားပါတယ် ။
ပေါလ်မာဆင် က အာဆင်နယ် Vs ဘရိုက်တန် ပွဲအပေါ် ” အက်စတန်ဗီလာ နှင့် ဘရိုက်တန် က ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ နီးစပ် တဲ့ နေရာ ရောက်နေတော့ သူတို့ တခုခု ထူးခြားတာ လုပ်ပြလိမ့်မယ်လို့ ကျနော် ပြောခဲ့ဖူးပါတယ် ။ ဒါပေမယ့် သူတို့ ဆက်တိုက် ရလဒ်တွေ ကောင်းနေရာကနေ ဖိအားတွေ ဝင်လာပြီး ရှုံးပွဲတွေ ပြန်ကြုံ လာရပါတယ် ။ ”
” ဖိအားတွေသာ မရှိရင် သူတို့က သိပ်ကိုကောင်းတဲ့ အသင်းကောင်း တစ်သင်းပါ ။ ဒါပေမယ့် ဥရောပ ပြိုင်ပွဲ ကစားခွင့် ဆိုတဲ့ ဖိအား ဝင်လာချိန်မှာ သူတို့ ကောင်းကောင်း မကစား နိုင်တော့ပါဘူး ၊ ဘရိုက်တန်ဆို တော့တင်ဟမ် နှင့် နော်တင်ဟမ်ဖောရက်စ် ကို ရှုံးတယ် ၊ နောက်တော့ ဝုလ်ဗ် နှင့် မန်ယူနိုက်တက် ကို ပြန်နိုင်တယ် ၊ ပြီးကျတော့ အဲဗာတန် ကို ဂိုးပြတ် ရှုံးပြန်ပါရော ။ ”
” အာဆင်နယ် က နယူး နဲ့ ပွဲမှာ တကယ် ကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြသ ခဲ့တာပါ ။ ကျနော် ကတော့ သူတို့ လာမယ့်ပွဲတွေ အားလုံး နိုင်မယ်လို့ ထင်ပါတယ် ၊ ဒါပေမယ့် ပွဲအားလုံး နိုင်ရင်တောင် ချန်ပီယံ မဖြစ်နိုင်တဲ့ အနေအထား ရောက်နေပါတယ် ။ ဒီပွဲကတော့ အာဆင်နယ် ၃-၁ ဘရိုက်တန် နဲ့ ပွဲပြီးသွားပါလိမ့်မယ် ။ ”