spot_img

ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်နှင့် လမ်းခွဲပြီးနောက်ပိုင်း မန်ယူအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့်ဝေးကွာနေဆဲဖြစ်သော်လည်း နည်းပြလေးဦး၏ အသုံးစရိတ်စုစုပေါင်း ပေါင်တစ်ဘီလျံကျော်ရှိ

မန်ယူအသင်းအနေဖြင့် ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန် နှင့် လမ်းခွဲခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ဝေးကွာနေသည်မှာ ခုနစ်ရာသီရှိနေပြီဖြစ်သော်လည်း နည်းပြလေးဦး၏ အသုံးစရိတ် စုစုပေါင်းမှာ ပေါင်တစ်ဘီလျံကျော် အထိရှိကြောင်း သိရသည်။

ဖာဂူဆန်နောက်ပိုင်း တာဝန်ယူကိုင်တွယ်ခဲ့သည့် နည်းပြများ၏ အသုံးစရိတ်ကို ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဒေးဗစ်မွိုက်စ်၊ လူးဝစ်ဗန်ဟားလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှား စသည့် နည်းပြလေးဦးအနက် နှစ်ရာသီခွဲကြာကိုင်တွယ်ခဲ့သည့် မော်ရင်ဟိုက အသုံးစရိတ် ပေါင် ၄၃၀ ဒသမ ၇၅ သန်းဖြင့် အများဆုံးအသုံးပြုခဲ့သည်။

myan789

ဖာဂူဆန်အနားယူသွားပြီးနောက် ခြောက်နှစ်စာချုပ်ဖြင့် ခန့်အပ်ခံရသည့် စကော့တလန်နည်းပြ ဒေးဗစ်မွိုက်စ်သည် ရလဒ်ဆိုးများကြောင့် ၁၀ လအကြာ ၂၀၁၄ ခုနှစ် ဧပြီမှာပင် ပြန်လည်ထုတ်ပယ်ခံရသလို ၎င်းလက်ထက်တွင် ဖယ်လေနီ (ပေါင် ၂၉ သန်း) နှင့် မာတာ (ပေါင်သန်း ၄၀) တို့နှစ်ဦးသာ ခေါ်ယူခဲ့သည်။

ဒေးဗစ်မွိုက်စ်ကို ထုတ်ပယ်ပြီးနောက် ဒတ်ချ်နည်းပြ လူးဝစ်ဗန်ဟားလ်အား သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ပြီး ပြောင်းလဲမှုများစွာ ပြုလုပ်ရန်အတွက် ငွေကြေးပုံအော သုံးစွဲခဲ့သည်။ ဗန်ဟားလ်လက်ထက်တွင် ကစားသမား ၁၃ ဦးအနက် ၁၀ ဦးအတွက် ပေါင် ၃၀၇ ဒသမ ၈ သန်း အသုံးပြုခဲ့သော်လည်း FA ဖလား တစ်လုံးသာရရှိပြီး နှစ်ရာသီအကြာမှာပင် လမ်းခွဲခဲ့သည်။

ထို့နောက် ထိပ်တန်းကလပ်များစွာ ကိုင်တွယ်ခဲ့ဖူးသည့် မော်ရင်ဟိုကို ပြောင်းလဲခန့်အပ်ခဲ့ပြီး ကွင်းလယ်လူ ပေါ့ဘာကို (ထိုစဉ်အချိန်က) ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၃ ဒသမ ၂၅ သန်းဖြင့်အပါအဝင် စံချိန်တင်ငွေကြေးသုံးစွဲမှုများ ပြုလုပ်ခဲ့သည်။ မော်ရင်ဟိုသည် နှစ်ရာသီခွဲကာလအတွင်း ပေါင် ၄၃၀ ဒသမ ၇၅ သန်းအသုံးပြု၍ ကစားသမား ၁၂ ဦး (နှစ်ဦးအလွတ်၊ တစ်ဦး အလဲအထပ်ပါဝင်) ခေါ်ယူခဲ့ပြီး FA ဖလား၊ ယူရိုပါလိဂ်ဖလားနှင့် ကွန်မြူ နတီဒိုင်းတစ်ကြိမ်စီ ရယူပေးနိုင်သော်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် လမ်းခွဲခဲ့ရသည်။

ယာယီနည်းပြဘဝမှ အမြဲတမ်းနည်းပြဖြစ်လာသူ ဆိုးလ်ရှားမှာလည်း နှစ်ရာသီအတွင်း ကစားသမားကိုးဦး (နှစ်ဦးအလွတ်၊ တစ်ဦးအငှား) အတွက် ပေါင် ၂၇၀ ဒသမ ၁ သန်း အသုံးပြုထားပြီး ဆုဖလား အောင်မြင်မှုများရရှိရန်အတွက် ရုန်းကန်နေဆဲဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular