spot_img

ခွန်ဒီအားခေါ်ယူရန် ချယ်လ်ဆီးအသင်း ဆီဗီလာအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများစတင်ပြုလုပ်

ချယ်လ်ဆီးအသင်းသည် ဆီဗီလာအသင်း၏ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ခွန်ဒီအားခေါ်ယူရန်အတွက် ဆီဗီလာအသင်းတာဝန်ရှိသူများနှင့် တရားဝင်ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

အသက် (၂၂)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ခွန်ဒီသည် ဆီဗီလာအသင်းနှင့် နောက်ဆုံး (၂)ရာသီဆက်တိုက် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဥရောပအသင်းကြီးများ၏ ပစ်မှတ်ကစားသမားဖြစ်လာခဲ့ပြီး ချယ်လ်ဆီးအသင်းအပြင် မန်ယူ၊ မန်စီးတီး၊ ရီးယဲလ်မက်ဒရစ်၊ စပါးအသင်းများနှင့်လည်း သတင်းများထွက်ပေါ်နေသူဖြစ်သည်။

myan789

ထို့ကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့်ခွန်ဒီအား လက်ဦးမှုရကာ ခေါ်ယူနိုင်ရေးအတွက် ဆွေးနွေးမှုများကို လျှင်လျှင်မြန်မြန်စတင်ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်းသိရသည်။

ဘောလုံးအပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီအားကစားဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနို၏ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းအနေဖြင့် ခွန်ဒီအတွက် စာချုပ်လျော်ကြေး ယူရိုသန်း (၈၀)ပေးချေကာ ခေါ်ယူရန်စီစဉ်နေပြီး ဆီဗီလာအသင်းအနေဖြင့်လည်း ကစားသမား၏ဆန္ဒကိုဦးစားပေးဖွယ်ရှိကြောင်းသိရသည်။

ခွန်ဒီအားခေါ်ယူရန်အတွက် ချယ်လ်ဆီးအသင်း၏ လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းကလည်း ဆွေးနွေးမှုများပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်နေပြီး၊ ကစားသမားကိုယ်တိုင်ကမူ လာမည့်ရာသီတွင် ချန်ပီယံလိဂ်ကစားရန်ဆန္ဒရှိနေသည့်အတွက် ချယ်လ်ဆီးအသင်းကိုသာ ရွေးချယ်ဖွယ်ရှိနေကြောင်းသိရသည်။

ခွန်ဒီသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က ဘော်ဒိုးအသင်းမှ ဆီဗီလာအသင်းသို့ ယူရို(၂၅)သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဆီဗီလာအသင်းအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၈၈)ပွဲကစားကာ၊ (၆)ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

ခွန်ဒီသည် ပြီးခဲ့သည့် ယူရို-၂၀၂၀ ပြိုင်ပွဲဝင် ပြင်သစ်လက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular