spot_img

ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသူ ဒါဝင်နူနက်ဇ်ကို ကာကွယ်ပေးခဲ့တဲ့ လီဗာပူးနည်းပြအန်းစလော့

ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် ပုံမှန်အောက်စွမ်းဆောင်ရည်သာပြသနိုင်ခဲ့သူ ဒါဝင်နူနက်ဇ်ကို အကဲဖြတ်ဖို့ဆိုတာ အချိန်ယူရပါဦးမယ်ဆိုတဲ့ပြောဆိုမှုနဲ့အတူ နည်းပြအန်းစလော့က လီဗာပူးတိုက်စစ်မှူးကို အလျှင်အမြန်ကာကွယ်ပေးခဲ့ပါတယ်။

ဘိုလော့ဂ်နာနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ မက်အယ်လစ္စတာ၊ မိုဆာလက်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အနီရောင်တပ်သားတွေက အခုရာသီ၊ ဥရောပပွဲစဉ် နှစ်ပွဲဆက်အနိုင်ရရှိမှုကို ဖန်တီးနိုင်ခဲ့ပါတယ်။

myan789

တဖက်မှာတော့ လက်ရှိလီဗာပူးအသင်းမှာ ပွဲထွက်ခွင့်ရှားပါးနေတဲ့ ဒါဝင်နူနက်ဇ်အတွက် မမေ့နိုင်စရာညတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဥရုဂွေးသားက အစောပိုင်းပွဲချိန်မှာ လီဗာပူးအတွက် သွင်းဂိုးရယူနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ သူ့ရဲ့သွင်းဂိုးကို ခွင့်မပြုပေးခဲ့ပါဘူး။

အခုရာသီ၊လက်ရှိအချိန်အထိ အသင်းအတွက် တစ်ဂိုးသာ ဒါဝင်နူနက်ဇ် သွင်းယူထားနိုင်ပေမယ့် အန်းစလော့ကတော့ အသင်းဖော်တွေအနေဖြင့် တိုက်စစ်မှူးအတွက် အခွင့်အရေးကောင်းတွေ ဖန်တီးပေးနိုင်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားပေးရမယ်လို့ ပြောဆိုရင်း သူ့ရဲ့ကစားသမားကို ကာကွယ်ပေးခဲ့ပါတယ်။

ဒါဝင်နူနက်ဇ်ရဲ့ဂိုးသွင်းခြေပျောက်ဆုံးနေမှုအကြောင်း မေးမြန်းလာချိန် အန်းစလော့က “ ဧပြီလနောက်ပိုင်း ဒါဝင်နူနက်ဇ်က အသင်းအတွက် တစ်ဂိုးပဲသွင်းယူပေးထားတယ်လို့ ပြောမယ်ဆိုရင် မျှတမှုရှိလိမ့်မယ်လို့ ကျွန်တော်မထင်မြင်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူရရှိတဲ့ပွဲကစားချိန်မိနစ်တွေကိုလည်း ကြည့်ရှုသွားဖို့ လိုအပ်နေလို့ ဖြစ်ပါတယ်။

အခုပွဲစဉ်က ဒီရာသီ၊ ဒါဝင်နူနက်ဇ်ရဲ့တတိယမြောက်ပွဲထွက်လာတဲ့ပွဲစဉ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ကစားသမားတစ်ဦးချင်းစီအပေါ် အာရုံစိုက်လိုက်ကြည့်နေတာမျိုး မလုပ်ချင်ပါဘူး။

ပွဲကစားချိန်မိနစ် ၆၀ အထိ ဒါဝင်နူနက်ဇ်အတွက် အခွင့်အရေးတွေ အများကြီးဖန်တီးပေးနိုင်ခဲ့တယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းက အခိုက်အတန့်ပေါင်းများစွာမှာ နောက်ဆုံးဘောလုံးပေးပို့မှုပုံစံတွေ လွဲချော်နေလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့သာ ဒီထက်ပိုကောင်းအောင်ကစားနိုင်မယ်ဆိုရင် သူ့အတွက် အခွင့်အရေးတွေ ပိုရှိလာမယ်လို့ ယူဆမိပါတယ်။

ဘုန်းမောက်နဲ့ပွဲစဉ်မှာ သူ့ရဲ့သွင်းဂိုး အရမ်းကောင်းခဲ့ပါတယ်။ ဒီနေ့မှာတော့ သူက တကယ့်ကိုခက်ခဲလှတဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ခဲ့ရပြီး အသင်းဖော်တွေကလည်း သူ့ကို အမြဲတမ်းလိုလိုမရှာဖွေနိုင်ခဲ့ပါဘူး။

Liverpool coach Anne Sloth defend Darwin Nunez who was struggling to show his skills

သုံးပွဲလောက်ပဲ ပွဲထွက်ခွင့်ရရှိထားတဲ့ကစားသမားကို တစ်ဂိုးပဲသွင်းယူနိုင်သေးတယ်လို့ ပြောဖို့ဆိုတာ နည်းနည်းစောနေပါသေးတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဒါဝင်နူနက်ဇ်လိုပဲ သူ့ရဲ့အသင်းက တိုးတက်နေဆဲအဆင့်မှာပဲ ရှိနေပါသေးတယ်လို့ အန်းစလော့က ရှင်းပြလိုက်ပါတယ်။ ဒါပေမယ့် အန်းစလော့က အသင်းသမိုင်းတလျှောက် အစကနဦးကိုင်တွယ်တဲ့ကိုးပွဲမှာ ရှစ်ပွဲအထိ နိုင်ပွဲရယူနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

အန်းစလော့က “ကျွန်တော်တို့ တိုးတက်လာနိုင်သေးသလို တိုးလည်း တိုးတက်လာရပါမယ်။ ဒါက ရှင်းပါတယ်။ ဒီညပွဲစဉ်လိုပဲ အခြားပွဲစဉ်တွေဆီမှ ယူဆောင်သွားရမယ့် အပေါင်းလက္ခဏာဆောင်တဲ့အရာတွေလည်း အများကြီးရှိပါတယ်။

ဒါပေမယ့် ဒီညပွဲစဉ်ကတော့ ကျွန်တော်တို့အသင်းမထိန်းချုပ်နိုင်တဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပြိုင်ဘက်ကလည်း ကျွန်တော်မြင်ချင်တာထက်တောင် ကျွန်တော်တို့ကို ပိုပြီးခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်ပြောရမယ်ဆိုရင် ဒါက ပုံမှန်ပါပဲ။ ကျွန်တော်တို့အသင်း ဘောလုံးပိုင်ဆိုင်မှု ပိုမိုရရှိခဲ့ပေမယ့် ဘိုလော့ဂ်နာကတောင် ကျွန်တော်တို့ကို ပိုပြီးခြိမ်းခြောက်နိုင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular