အင်တာမီလန်အသင်းသည် အသင်းခေါင်းဆောင် လော်တာရိုမာတီနက်ဇ် အား ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
အင်တာမီလန်အသင်းနှင့် ချုပ်ဆိုထားသည့် အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်၏လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်တွင်မှ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
သို့သော် အင်တာမီလန်အသင်းသည် အသင်းအတွက် ခြေစွမ်းပြနေသည့် လော်တာရိုမာတီနက်ဇ်အား နှစ်ရှည်စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ၂၀၂၄ နှစ်စပိုင်းတွင် အတည်ပြုကြေညာဖွယ်ရှိကြောင်း သိရသည်။
စာချုပ်သစ်အရ လော်တာရိုမာတီနက်ဇ်သည် တစ်နှစ်လစာ ယူရို (၇)သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
လော်တာရိုမာတီနက်ဇ်သည် ယခုရာသီတွင် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲကစားထားပြီး ၁၅ ဂိုးသွင်းယူပေးထားသည်။