ဘာစီလိုနာအသင်းနည်းပြ ဇာဗီက လက်ရှိအချိန်တွင် ခြေစွမ်းပြကစားနေသည့် အသက် (၁၈)နှစ်အရွယ် ကွင်းလယ်လူ ဂါဘီကို ချီးကျူးပြောဆိုခဲ့သည်။
ဂါဘီသည် လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းကွင်းလယ်၌ ဘူးစကွက်စ်၊ ပတ်ဒရီတို့နှင့်အတူ ပုံမှန်နေရာရရှိနေပြီး စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံနေရသည်။
ဇာဗီက “ဂါဘီရဲ့ ခြေစွမ်းအပေါ် ကျွန်တော် မအံ့သြမိပါဘူး။ သူ့ကို လေ့ကျင့်ရေးကွင်းမှာ အမြဲတမ်းမြင်နေကျဆိုတော့ သူ့ရဲ့ ပြင်းပြင်းထန်ထန် ကြိုးစားမှုနဲ့ စိတ်နှစ်ကစားမှုကို မြင်နေကျပါ။ သူက တိုက်ပွဲဝင်စိတ်ပြင်းထန်ပြီး ဘောလုံးပေးပို့မှုနဲ့ စိတ်အားထက်သန်မှုတို့ကို အမြဲမြင်ရလေ့ရှိပါတယ်။ သူက ဘောလုံးကစားရင် နှလုံးသားနဲ့ကစားပြီး ဘာစီလိုနာအသင်းကိုလည်း သိပ်ပြီးချစ်မြတ်နိုးသူပါ” ဟု ပြောကြားခဲ့သည်။