ခြင်္သေ့ပြာတို့ လက်လွှတ်ရနိုင်တဲ့ လက်စတာ ကြယ်ပွင့်နဲ့ နောက်ဆုံးရ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ

ချဲလ်ဆီး အသင်းဟာ ယမန်နေ့က လက်စတာ ကွင်းလယ်လူ ကီယာနန် ဒယူးစ်ဘူရီဟောလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း တောက်လျှောက် သတင်းတွေ ထွက်ခဲ့ပေမယ့် ၊ ဘရိုက်တန်က ၎င်းကို ခြေသွက်လက်သွက်နဲ့ ခေါ်ယူဖို့ အတော်လေး အလားအလာများနေပြီ ဖြစ်ပါတယ် ။

နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ဘရိုက်တန်ဟာ ယင်းအသက် ၂၅နှစ် အရွယ်ရှိ လက်စတာ ကြယ်ပွင့်ကို ၎င်းတို့ရဲ့ ကွင်းလယ်လူ ယာကုဘ် မိုဒါနဲ့ အလဲအထပ် လုပ်သွားမှာ ဖြစ်ပြီး ထိုအတွက်လည်း ဆေးစစ်ဖို့ ကြိုတင် ပြင်ဆင်ထားကြောင်း သိရပါတယ် ။

myan789

ဒယူးစ်ဘူရီဟောလ်ဟာ ချဲလ်ဆီး နည်းပြသစ် အန်ဇို မာရက်စ်ကာ မျက်စိကျတဲ့ ကစားသမား တယောက် ဖြစ်ပေမယ့် ၊ ကလပ်ဖက်က ၎င်းကို အမှန်တကယ် ကမ်းလှမ်းမှု မလုပ်ထားပဲ ၊ သတင်း မေးမြန်းခြင်းတွေသာ ရှိခဲ့ပြီး ၊ လာမယ့် ၂၄နာရီ အတွင်း ကြားဖြတ် ကမ်းလှမ်းမှု လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ချက် ချသွားဖွယ် ရှိပါတယ် ။

္နဒီမတိုင်ခင်က ချဲလ်ဆီးဟာ ဒယူးစ်ဘူရီဟောလ် အပြင် နောက်ထပ် ကွင်းလယ် ပစ်မှတ် အဖြစ် လိဒ်စ်ယူနိုက်တက် လူငယ် ကြယ်ပွင့် အာချီ ဂရေးကိုလည်း စောင့်ကြည့်မှုတွေ လုပ်နေကြောင်း The Telegraph သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် မတ်လောက ဆိုပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီက အစ်ဆွစ်ချ်သို့ တရာသီ အငှားလွှတ်ခဲ့တဲ့ လူငယ် တောင်ပံကစားသမား အိုမာရီ ဟတ်ချင်ဆန်ကို အပြီးသတ် ရောင်းချဖို့ ယင်းပရီးမီးယားလိဂ် တန်းတက်ကလပ်နဲ့ ပြောင်းရွှေ့ကြေး ဆွေးနွေးနေပြီ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုကပဲ သတင်း ထုတ်ပြန်လာပါတယ် ။

အသက် ၂၁နှစ် အရွယ်ရှိ ဟတ်ချင်ဆန် အတွက် ချဲလ်ဆီးဟာ ပေါင်သန်း ၂၀နဲ့ ၂၅သန်း အကြား အလိုရှိနေကာ ၊ ၎င်းကို ရောင်းချရမှာ ပြန်လည် ခေါ်ယူခွင့် ( Buy-back Clause ) ထည့်သွင်းသွားမှာ မဟုတ်ပဲ ၊ ထပ်မံရောင်းချမှုမှ အကျိုးခံစားခွင့် ( Sell-on Clause ) သာ ထည့်သွင်းသွားဖို့ ရှိတယ်လို့ သိရပါတယ် ။

ချဲလ်ဆီးတို့ ပြီးခဲ့တဲ့ ရက်အနည်းငယ်မှ စာချုပ်ပါလျော်ကြေး ယူရို ၆သန်း ပေးချေပြီး ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တဲ့ ဘာစီလိုနာ ကြယ်ပွင့် တိုက်စစ်မှူး မာ့ခ်ဂူယူဟာ မနေ့ညကပဲ ဆေးစစ်မှု အောင်မြင်ခဲ့ပြီးလို့ ရိုမာနိုကပဲ ဆက်လက် အတည်ပြုထားပါတယ် ။

Sky Italia ရဲ့ ဂျာနယ်လစ် ဂျီယန်လူကာ ဒီမာဇီယိုကတော့ အေစီမီလန်ဟာ ချဲလ်ဆီး ကွင်းလယ်လူ ကာနီ ချူကွီမက်ကာကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း ဖော်ပြလာပါတယ် ။ ဒီ၂သင်းရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် ယင်းအင်္ဂလန် ကွင်းလယ်လူ အဖို့ အနိမ့်ဆုံး အငှားထွက်ဖို့ အလားအလာ ရှိနေနိုင်ပါတယ် ။

ယမန်နေ့က ချဲလ်ဆီးမှာ တရားဝင် ကစားသမား အထွက် တခု ရှိခဲ့ပြီး ၊ ကော့ဘ်ဟမ်း အကယ်ဒမီထွက် ဂိုးသမား ဂျေမီ ကမ်းမင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ဈေးကွက်ကမှ အငှားထွက်ခဲ့တဲ့ ချန်ပီယံရှစ် တန်းတက် ကလပ် အောက်စ်ဖို့ဒ် ယူနိုက်တက်သို့ မဖော်ပြတဲ့ တန်ကြေး တရပ်နဲ့ အပြီးသတ် ပြောင်းရွှေ့သွားပြီလို့ သိရပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular