spot_img

ချဲလ်ဆီး အတွက် ကစားဖို့ စတား တဦးမှာ ခြေစွမ်း လုံလောက်မှု မရှိဘူး ဆိုတဲ့ tweet တခုကို တော့ဒ်ဘိုလီမှ like လုပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး တုန့်ပြန်လိုက်တဲ့ ဂရေဟမ် ပေါ်တာ

ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း ချဲလ်ဆီး အသင်း ခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ နှစ်တဝက်ကျိုးတဲ့ အချိန် အထိ တန်ကြေးနဲ့ လိုက်ဖက်မှု ရှိတဲ့ ခြေစွမ်းမျိုး မပြသထားနိုင်သေးပါဘူး ။ အထူးသဖြင့် ဘရိုက်တန်ကနေ ပေါင်သန်း ၆၀နဲ့ ရောက်လာတဲ့ စပိန် ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာက ထိပ်ဆုံးကနေ ပါဝင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ယခုနှစ် ရာသီ အတွင်း ပထမ ဦးစားပေး ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ကာလရှည် ဒဏ်ရာ ထပ်ရခဲ့ပြန်တဲ့ အတွက် ကူကူရယ်လာဟာ ချဲလ်ဆီး ခံစစ်မှာ သီယာဂို ဆေးလ်ဗား ပြီးရင် ၊ ကစားခွင့် မိနစ် အများဆုံး ရထားသူလို့ သတ်မှတ်နိုင်ပါတယ် ။

myan789

သို့ပေမယ့် ၄င်းဟာ ခြေပေါ်ခဲ့တဲ့ ပွဲအရေအတွက်က လက်ချိုးရေလို့ ရပြီး ၊ ခြေစွမ်း နုံချာတဲ့ ပွဲတွေက ပိုများခဲ့ပါတယ် ။ ဘရိုက်တန်မှာကတည်းက ၄င်းနဲ့ အတူ လက်တွဲ အလုပ်လုပ်လာတဲ့ လက်ရှိ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာကတော့ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ယင်းစပိန်သား ခြေစွမ်းမပြနိုင်ခြင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ကာကွယ် ပြောဆိုသွားခဲ့ပါတယ် ။

ပေါ်တာ က ” ကစားသမားတွေဟာလည်း လူသားတွေ ဖြစ်ကြတာကြောင့် ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှိကြပါတယ် ။ မာ့ခ်ဟာ ဒီအခြေအနေတွေ ကြုံနေရတဲ့ တဦးတည်းသော ကစားသမား မဟုတ်ပါဘူး ။ တချိန်တည်းမှာ ကိုယ်ပိုင် ပိုက်ဆံနဲ့ လက်မှတ် ဝယ်ကြည့်တဲ့ ပရိသတ်တွေဖက်ကလည်း ခင်ဗျားတို့ နားလည်ပေးရပါမယ် ။ ”

” အရေးကြီးဆုံး အရာက မိနစ် ၉၀ အတွင်း ကွင်းတွင်း ဖြစ်ပျက်နေတဲ့ အရာတွေပါပဲ ။ ဒါပေမယ့် ဘယ်လိုပဲပြောပြော ကစားသမားတွေမှာလည်း ကိုယ်ပိုင် ကိစ္စရေးရာ ဖြေရှင်းဖို့ ရှိပါတယ် ။ မာ့ခ်က အေးဆေးပါပဲ ။ သူဟာ အလုပ်ချိန်မှာ အလုပ်အကြောင်းပဲ အာရုံစိုက်နေတာပါ ။ ”

” လောလောဆယ်မှာ သူ အကောင်းဆုံး ပုံံစံမှာ ရှိမနေတာ မှန်ပါတယ် ။ ဒါပေမယ့် ဒီလို ခက်ခဲတဲ့ အခိုက်အတန့်တွေကို ကျော်ဖြတ်နေရတာ သူ တယောက်တည်း မဟုတ်ပါဘူး ။ သူဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကလပ်ဖက်က ငွေကြေး အမြောက်အမြား ပေးပြီး ရင်းနှီးမြှုပ်နှံထားတဲ့ ကစားသမား တဦးပါ ။ ”

” ကျွန်တော်တို့ရဲ့ အလုပ်က သူ့ကို ကူညီဖို့ ၊ အားပေးဖို့နဲ့ အရင်ကလို သူ့ရဲ့ အရည်အသွေးတွေကို လူတိုင်း မြင်အောင် ပြန်လည် ပြသနိုင်စေဖို့ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ကူကူရယ်လာရဲ့ ခြေစွမ်း တန်ကြေးနဲ့ မကိုက်ညီခြင်း အတွက် ချဲလ်ဆီး ပရိသတ် အများအပြား ကိုယ်ပိုင် ဆိုရှယ်မီဒီယာ အကောင့်များမှတဆင့် ဝေဖန်မှုတွေလည်း လုပ်ကြဖူးပါတယ် ။

်မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တဦးက တွစ်တာပေါ်မှာ ချဲလ်ဆီး ပရိသတ် တဦး ကူကူရယ်လာရဲ့ ခြေစွမ်းဟာ ချဲလ်ဆီး အတွက် လုံလောက်မှု မရှိကြောင်း tweet ခဲ့တာကို ပိုင်ရှင်သစ် ဖြစ်သူ တော့ဒ်ဘိုလီ ကိုယ်တိုင် like ပေးခဲ့တာနဲ့ ပတ်သက်ပြီး ဂရေဟမ် ပေါ်တာထံ မေးမြန်းခဲ့ပါတယ် ။

ဒါကို တုန့်ပြန်တဲ့ အနေနဲ့ ပေါ်တာ က ” ဒီအကြောင်း ကျွန်တော် မသိပါဘူး ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် မှတ်ချက် မပေးနိုင်ပါဘူး ။ ဒါက ဘယ်လိုနည်းမျိုးနဲ့မှ တော့ဒ်ရဲ့ ထင်မြင်ချက်ကို ဖော်ညွှန်းမပေးပါဘူး ။ ဆိုရှယ်မီဒီယာက ဘယ်လို အလုပ်လုပ်လဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး ။ ဒီမှာ ရှိတဲ့ လူတိုင်းက မာ့ခ်ကို အားပေးထောက်ပံ့ပေးနေကြပါတယ် ။ ”

” ကျွန်တော်တို့ကလည်း သူ့ကို အရင်လို ခြေစွမ်း အဆင့်အတန်းဆီ ပြန်ရောက် ကြိုးစားပေးနေပါတယ် ။ ကစားသမား တယောက်က ဘောလုံး ကစားရတာ ပျော်မွေ့နေပြီ ဆိုရင် ၊ ခြေစွမ်းလည်း ပြနိုင်မှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular