spot_img

ချဲလ်ဆီး နည်းပြသစ် ဖြစ်လာပြီးနောက် ၊ လမ်းပတ်ဆီမှ မက်ဆေ့ချ် လက်ခံရရှိခဲ့ခြင်း အကြောင်း ဖွင့်ဟလာတဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ၎င်းတို့ကို နောက်ဆုံး ၁၈လကြာ ကိုင်တွယ်ခဲ့တဲ့ ကလပ် ဂန္တဝင် တဦး ဖြစ်တဲ့ နည်းပြဟောင်း ဖရန့် လမ်းပတ် ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရာထူးကနေ တရားဝင် ဖယ်ရှားခဲ့ပါတယ် ။ လမ်းပတ် ထွက်ခွာခဲ့ပြီး နောက်တရက် အကြာမှာပဲ ဒေါ့မွန် နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း သောမတ်စ် တူချယ် က အစားဝင်ခဲ့ပါတယ် ။

လမ်းပတ် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း စီနီယာ အသင်း အတွက် ကစားသမားသစ် ၇ဦးကို ပေါင်သန်း ၂၂၀ ကျော် သုံးစွဲကာ ၊ ခေါ်ယူအားဖြည့်ခဲ့ပါတယ် ။ ရာထူးမှ အထုတ်မခံရမီ ၊ တလအလွန် က လမ်းပတ် ဟာ ချဲလ်ဆီး အသင်း နဲ့ အတူ ပြိုင်ပွဲစုံ ၁၇ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း ရရှိခဲ့ပါသေးတယ် ။

myan789

အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့ပြီးနောက် ၊ လူတန်တောင်း အသင်း ကို ၃ – ၁ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေ ဖလား စတုတ္ထအဆင့် အပြီးမှာ လမ်းပတ် တယောက် ရာထူးမှ တရားဝင် အထုတ်ခံခဲ့ရတာ ဖြစ်ပါတယ် ။

လမ်းပတ် ဟာ ချဲလ်ဆီး အသင်း နဲ့ လမ်းခွဲပြီးတာ ရက်ပိုင်းပဲ ရှိသေးလို့ ၊ ၎င်းအပေါ် ထောက်ခံနေကြဆဲ ဖြစ်တဲ့ ချဲလ်ဆီး ပရိသတ် တစု ဟာ ဘုတ်အဖွဲ့က လက်မြန်ခြေမြန် ခေါ်ယူ ခန့်အပ်ထားတဲ့ သောမတ်စ် တူချယ် အပေါ် ထောက်ခံမှု မပေးနိုင်ပဲ ရှိနေပါတယ် ။

ချဲလ်ဆီး ပရိသတ် အများစု ကတော့ လမ်းပတ် ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၈ပွဲအတွင်း အဖက်ဖက်က မှားယွင်းမှု နဲ့ အားနည်းချက်တွေ အပေါ် စိတ်ပျက်ခဲ့ကြလို့ ၊ တူချယ် အစားထိုး ဝင်ရောက်လာခြင်း ကို ကြိုဆိုကြပေမယ့် ၊ In Frank We Trust ဆိုတဲ့ banner တင်ထားတဲ့ We are the Shed ဆိုတဲ့ ပရိသတ် တစုကတော့ အခုအချိန် အထိ အခဲမကြေမှုတွေ ရှိနေဆဲ ဖြစ်ပါတယ် ။

ဒီလို ချဲလ်ဆီး ပရိသတ်တွေထဲမှာတောင် တူချယ် ထောက်ခံသူ နဲ့ မထောက်ခံသူတွေ ဆိုပြီး အုပ်စု ကွဲနေဆဲ ဖြစ်တဲ့ အပေါ် သောမတ်စ် တူချယ် က အခုလို မှတ်ချက်ပြု ပြောဆိုခဲ့သလို ၊ လမ်းပတ် အပေါ် သူ့မှာ လေးစားမှုတွေသာ ရှိကြောင်း နဲ့ လမ်းပတ် ကိုယ်တိုင်ကလည်း ၎င်းကို နည်းပြသစ် ဖြစ်လာတဲ့ အပေါ် ဂုဏ်ပြု မက်ဆေ့ချ် ရရှိခဲ့ကြောင်း ကို အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

တူချယ် က ” ပရိသတ်တွေရဲ့ ထောက်ခံမှု မရတာ ? ကျွန်တော် မသိပါဘူး ။ ကျွန်တော်တော့ ဒါမျိုး မမျှော်လင့်ထားပါဘူး ။ အကယ်၍ ဒါမျိုး ရှိခဲ့ရင်တော့ အသင်း အပေါ် အတော်လေး အခက်တွေ့စေမှာပါ ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့ဟာလည်း တခြား ကလပ်တွေလိုပဲ ၊ အနောက်ကနေ ပံ့ပိုး ထောက်ခံပေးမယ့် ပရိသတ်တွေ လိုအပ်လို့ပါ ။ ”

” ပရိသတ်တွေနဲ့ ကလပ် အကြားမှာ နီးစပ်တဲ့ ဆက်ဆံရေးတွေ ရှိရင် ၊ ကြီးမားတဲ့ ခြားနားမှု ကို ဖြစ်စေပါတယ် ။ ဖရန့် ရာထူးကနေ အထုတ်ခံခဲ့ရခြင်း ဟာ ချဲလ်ဆီး ပရိသတ်တွေကို ကြီးကြီးမားမား စိတ်ပျက်စေခဲ့တယ် လို့ ကျွန်တော် ယူဆလိုပါတယ် ။ ကျွန်တော် ထပ်ပြီး ပြောနိုင်တာ က ဖရန့် အပေါ်မှာ လေးစားမှု အပြည့်ထားပါတယ် ။ ”

“ဖရန့် ကစားသမား အဖြစ် ရှိခဲ့စဉ် က ကျွန်တော် ဟာ သူ့ရဲ့ အမာခံ ပရိသတ် တယောက်လည်း ဖြစ်ခဲ့ပါတယ် ။ သူ့ရဲ့ ကစားပုံ ကို ကျွန်တော် သဘောကျခဲ့သလို ၊ သူ ဘယ်လို ကစားသလဲ ဆိုတာကိုလည်း အမြဲ စောင့်ကြည့်ဖြစ်ပါတယ် ။ မိနစ် ၉၀ အတွင်းမှာ သူဟာ ချဲလ်ဆီး အသင်း ရဲ့ ဗီဇ ၊ နိုင်လိုစိတ် ၊ အောင်မြင်မှုတွေ အပေါ် ဆာလောင်စိတ် နဲ့ ပတ်သက်ပြီး တိတိကျကျ ရှင်းပြပေးနိုင်မယ့် အချက်အခြာ ကျတဲ့ ပုဂ္ဂိုလ် တဦး ဖြစ်ပါတယ် ။ ”

” နောက်ပြီး သူ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော့မှ လေးစားမှုတွေသာ ရှိပါတယ် ။ ပိုပြီး ကြီးကျယ်ခဲ့တာ က ဒီနေ့ မနက်ကပဲ သူ့ဆီကနေ ကျွန်တော့ ကို နည်းပြသစ် ရာထူး အတွက် အကောင်းဆုံး ဖြစ်ပါစေ ဆိုတဲ့ ဂုဏ်ပြု မက်ဆေ့ချ် ကို လက်ခံရရှိခဲ့ပါသေးတယ် ။ အနာဂတ် မှာ ဖြစ်နိုင်ရင် သူနဲ့ အတူ အပြင်မှာ ဆုံတွေ့ချင်ပါသေးတယ် ။ ”

” အရိုးသားဆုံး ဝန်ခံရရင် ၊ လောလောဆယ် မှာ ဘာမှ ကြီးကြီးမားမား မပြောင်းလဲသွားပါဘူး ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၇၂ နာရီ က ကလပ်ဖက်က ကျွန်တော့ကို ဖရန့် ရာထူး က အထုတ်ခံခဲ့ရခြင်း ဟာ ကျွန်တော့ကြောင့် မဟုတ်တဲ့ အကြောင်း ရှင်းလင်းထားခဲ့သလို ၊ ကျွန်တော် ကလည်း ဖရန့် ရာထူးမှ မပြုတ်ဖို့ ဘာမှ ပြောင်းလဲပေးလို့ မရပါဘူး ။ ”

” ဆုံးဖြတ်ချက် က အစောကတည်းက ချပြီးသားပါ ။ ကျွန်တော်ကသာ ရလာတဲ့ အခွင့်အရေး ကို ချက်ချင်း ဆုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။ ဒါပေမယ့် ခုနက ဖရန့် နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောခဲ့တာတွေက တကယ့် စိတ်ရင်းအမှန် နဲ့ စကားတွေပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular