spot_img

ချဲလ်ဆီး စတား ၂ဦးလုံးကို စျေးပေါပေါနဲ့ တပြိုင်တည်း ခေါ်ချင်နေတဲ့ အေစီမီလန်နဲ့ နောက်ဆုံးရ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ

ချဲလ်ဆီး အသင်းဟာ ရာသီကြို ပြင်ဆင်မှု မစတင်ခင် အသင်းပြောင်းချင်နေတဲ့ ကစားသမားတွေကို အမြန်ဆုံး ရှင်းလင်းဖို့ ကြိုးစားနေပြီး ၊ နောက်ထပ် အခြေအနေ တိုးတက်လာတဲ့ ကစားသမားက ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်ပဲ ဖြစ်ပါတယ် ။

အသက် ၂၆နှစ် အရွယ်ရှိ ယင်းကော့ဘ်ဟမ်းအကယ်ဒမီထွက်ဟာ အေစီမီလန် အသင်းထံမှ အပိုဆုကြေး အပါအဝင် ပေါင် ၁၅သန်းဝန်းကျင်နဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိတော့မှာ ဖြစ်ပြီး ကစားသမား ကိုယ်တိုင်ကလည်း မကြာခင်မှာ မီလန် အတွက် ကစားပေးရန် စိတ်လှုပ်ရှားနေဖို့ အကြောင်းပြန်စာ ရရှိထားပြီလို့လည်း သိရပါတယ် ။

myan789

အေစီမီလန်ဟာ လော့ဖ်တပ်စ်ချိခ် တဦးတည်း မဟုတ်ပဲ အခြားသော ချဲလ်ဆီး စတား တဦး ဖြစ်တဲ့ အမေရိကန် လက်ရွေးစင် တောင်ပံကစားသမား ခရစ်တီယန် ပူလီဆစ်ကို ပေါင် ၁၅သန်းနဲ့ ထပ်မံ ကမ်းလှမ်းနိုင်ဖို့ ပြင်ဆင်နေပေမယ့် ချဲလ်ဆီးကတော့ ၄င်းအတွက် အနည်းဆုံး ပေါင် ၂၅သန်းနဲ့ သန်း ၃၀ ဝန်းကျင် ရနိုင်ဖို့ မျှော်မှန်းထားပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ ပူလီဆစ်ဟာ ပုံမှန် ကစားခွင့် အတွက် အသင်းပြောင်းလိုတယ်လို့ မကြာသေးခင်က ESPN နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ပြောထားပြီး ဖြစ်သလို ၊ ၄င်းကို မီလန် အပြင် ယူဗင်တပ်စ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ ယူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ၊ ယူဗီကတော့ အသင်းပြောင်းဖို့ အလားအလာများနေတဲ့ ယင်းဆားဘီးယားလက်ရွေးစင်ရဲ့ နေရာမှာ အစားထိုးဖို့ အင်တာမီလန်မှ အင်တာမီလန် ဖြစ်နေတဲ့ ချဲလ်ဆီး တိုက်စစ်မှူး ရိုမီလူ လူကာကူကို စောင့်ကြည့်လျက်ရှိပါတယ် ။

ဒီတော့ ဗလာဟိုဗစ်ကို ပူလီဆစ်နဲ့ လူကာကူ အလဲအထပ် ဖြစ်လာမလား ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ် ။ သို့ပေမယ့် ဒါတွေ အားလုံးဟာ ကောလဟလ အဆင့်သာ ရှိသေးလို့ ချဲလ်ဆီး ပရိသတ်တွေ အနေနဲ့ ဒီသတင်းတွေ အပေါ် ရာနှုန်းပြည့် စိတ်လှုပ်ရှားလို့ မရသေးပါဘူး ။

ချဲလ်ဆီးဖက်က စောစောစီးစီး ရှင်းဖို့ ကြံရွယ်ထားပေမယ့် အခုထိ လိပ်ခဲတည်းလည်း ကျန်နေသေးတဲ့ ဂါဘွန် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းဟာ ဂါလာတာစာရေးထံမှ ကမ်းလှမ်းမှု ရခဲ့ပေမယ့် ခြင်္သေ့ပြာဖက်က မနေ့ကပဲ ဒါကို ငြင်းဆန်ပယ်ချသွားခဲ့ပါတယ် ။

ရှေ့မှာ ဆော်ဒီသို့ အသီးသီး ပြောင်းရွှေ့နိုင်ခဲ့ကြပြီ ဖြစ်တဲ့ ကာလီဒူ ကူလီဘာလီ ၊ အက်ဒွာ့ဒ် မန်ဒီနဲ့ ဟာကင် ဇီယက်ခ်ျတို့လို ချဲလ်ဆီးဖက်က အသက် ၃၄နှစ် အရွယ် အူဘားမီးယန်း အတွက် သင့်တင့်မျှတတဲ့ ပြောင်းရွှေ့ကြေး တရပ် အလိုရှိနေပါတယ် ။ ၄င်းကို ဆော်ဒီမှ ချဉ်းကပ်မှု လုပ်ဖူးပေမယ့် ၊ ကစားသမားဖက်က ဆော်ဒီသို့ ပြောင်းဖို့ စိတ်မဝင်စားပဲ ရှိနေပါတယ် ။

ကလပ် အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာကတော့ မကြာခင်မှာ စာချုပ် ဖျက်သိမ်းခြင်း ကိစ္စအတွက် ချဲလ်ဆီးထံမှ မီးစိမ်းပြ အကြောင်းပြန်မှု ရတော့မယ်လို့ သိရပါတယ် ။ အသက် ၃၄နှစ် အရွယ်ရှိ ယင်းစပိန်ဝါရင့်ညာနောက်ခံလူဟာ အင်တာမီလန်သို့ ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရထားပါတယ် ။

ချဲလ်ဆီး အတွက် ကစားသမား အဝင် သတင်းမှာတော့ ဘရိုက်တန် ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရထားပြီး ဖြစ်တာကြောင့် မကြာခင်မှာ ခြင်္သေ့ပြာတို့ ယင်းအီကွေဒေါလက်ရွေးစင် ကြယ်ပွင့် အတွက် ပြောင်းရွှေ့ကြေး တရပ် စတင် ကမ်းလှမ်းနိုင်ဖို့ မျှော်လင့်ရပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular