ချဲလ်ဆီး ဂန္တဝင် တဦးကို စစ်ကူခေါ်ဖို့ ဂရေဟမ် ပေါ်တာထံ မက်ဆေ့ခ်ျပေးခဲ့တဲ့ ပေါလ်မာဆင်

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန်နဲ့ ကပ်နေတဲ့ လိဒ်စ်ယူနိုက်တက် အသင်းကို နောက်ခံလူ ဝက်စ်လေ ဖိုဖာနာရဲ့ တလုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရကာ ၊ ချဲလ်ဆီးတို့ နောက်ဆုံး ၆ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ် ။

ဒီနိုင်ပွဲကြောင့် ရှေ့ပွဲတွေမှာ ဖိအားတွေအောက် ရောက်ကာ ၊ ပူလောင်နေခဲ့ရတဲ့ နည်းပြ ဂရေဟမ် ပေါ်တာ အတွက် အနည်းငယ် စိတ်သက်သာရာ ရစေခဲ့ပါတယ် ။ သို့ပေမယ့် ယင်းအင်္ဂလန်သားဟာ သူ့ရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးနိုင်တဲ့ နောက်ထပ် အဆုံးအဖြတ် ပွဲတပွဲ ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ် ။

myan789

မနက်ဖြန်ညမှာ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ အဖြစ် ဒေါ့မွန်ကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဧည်ခံကစားရမှာ ဖြစ်ပါတယ် ။ လိဒ်စ်နဲ့ နိုင်ပွဲက ယုံကြည်မှုတွေ သယ်ဆောင်ပြီး ဒေါ့မွန်ကို အနိုင်ကန်ဖို့ ကြိုးစားရမှာ ဖြစ်ပေမယ့် တဂိုးထက် ပိုမသွင်းနိုင်တဲ့ တိုက်စစ်ဟာ ဒေါ့မွန်ဖက်ကို ၂ဂိုး အနည်းဆုံး သွင်းနိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ် ။

နှစ်သစ်မှာ ၁၀ပွဲဆက် အနိုင်ရထားကာ ၊ ဖလား ၃လုံး လမ်းကြောင်းပေါ်မှာ ရှိနေပြီး ၊ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု အတွက် ဇယားထိပ်က လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ်ကို အမှတ်တူ စိန်ခေါ်ထားနိုင်တဲ့ ဒေါ့မွန်ကို အနိုင်ယူ ကျော်ဖြတ်ဖို့ လက်ရှိ အနေအထားအရ ချဲလ်ဆီးမှာ အခွင့်အရေး အရမ်း နည်းနေတယ်လို့ သတ်မှတ်နိုင်ပါတယ် ။

ဒီပွဲကိုသာ အပေါင်းလက္ခဏာ ဆောင်တဲ့ စွမ်းဆောင်ရည်နဲ့ အနိုင်ရခဲ့ရင်တော့ ဂရေဟမ် ပေါ်တာရဲ့ အနာဂတ် ဆက်မြဲဖို့ သေချာသွားပါမယ် ။ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတော့ ဂရေဟမ် ပေါ်တာ အနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ချဲလ်ဆီး ဂန္တဝင် ခံစစ်မှူးဟောင်း ဂျွန်တယ်ရီထံမှ အကူအညီ တောင်းခံသင့်ကြောင်း တိုက်တွန်းသွားပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ပေါလ်မာဆင် က ” ကျွန်တော်သာဆိုရင်တော့ အခုလို အခြေအနေမျိုးမှာ ဂျွန်တယ်ရီကို စစ်ကူ ခေါ်ပြီး အခက်အခဲတွေ ဖြေရှင်းဖို့ ကြိုးစားတော့မှာပါ ။ ဂျွန်တယ်ရီဟာ လက်ရှိ ချဲလ်ဆီး အကယ်ဒမီမှာ ရှိနေပါတယ် ။ သူ့ကို နည်းပြ ခုံတန်းပေါ် ခေါ်တင်ပါ ၊ ဒါမှမဟုတ်လည်း ချဲလ်ဆီးမှာ အချိန် အကြာကြီး အလုပ်လုပ်ဖူးတဲ့သူ တဦးဦး ခေါ်ထားပါ ။ ”

” အဲလို နည်းလမ်းနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပါ ။ နောက်ပြီး အပြစ်တင်တဲ့သူတွေကို အပြစ်စတင်ဖို့ ကြိုးစားပါ ။ သူဟာ အရမ်း သဘောကောင်းလွန်းနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တယ်ရီဟာ လွန်ခဲ့တဲ့ ၂နှစ်ခန့်က အက်စ်တွန်ဗီလာ အသင်းမှာ လက်ထောက် နည်းပြ အဖြစ် တာဝန်ယူခဲ့ပြီးနောက် ၊ အသင်းဟောင်းသို့ ပြန်လည် အခြေချလျက်ရှိပါတယ် ။ လောလောဆယ်မှာ ၄င်းဟာ အကယ်ဒမီ ယူ၂၃ အသင်းရဲ့ နည်းပြ ရာထူး တခုကို တာဝန်ယူထားပါတယ် ။

နိုင်ပွဲတွေပျောက် ၊ ကစားပုံ ဆိုးရွားခဲ့စဉ် ဂရေဟမ် ပေါ်တာရဲ့ နေရာကို ဂျွန်တယ်ရီနဲ့ ရာသီကုန် အထိ ယာယီ အစားထိုး ခန့်အပ်ဖြေရှင်းဖို့ ထင်ကြေးပေးခဲ့ကြတာတွေ ရှိပေမယ့် ၊ ၄င်းကတော့ ဆိုရှယ်မီဒီယာတွေမှတဆင့် ထိုယူဆချက် အားလုံးကို ငြင်းဆိုခဲ့ဖူးပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular