spot_img

ချဲလ်ဆီးအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ ကနဦးတုန်းကစီစဉ်ခဲ့ကြောင်း ပယ်လ်မာ ဝန်ခံပြောကြား

ချဲလ်ဆီးအသင်းစတား ကိုးလ်ပယ်လ်မာက မိမိအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ကနဦးတုန်းက စီစဉ်ခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ပယ်လ်မာဟာ ၂၀၂၃ နွေရာသီတုန်းက စီးတီးထံကနေ ချဲလ်ဆီးအသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အလျင်အမြန်အထိုင်ကျခဲ့ကာ ပြိုင်ပွဲစုံ ၅၈ ပွဲမှာ ၃၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါစွမ်းဆောင်ရည်တွေကြောင့်ပဲ ပယ်လ်မာတစ်ယောက် ယူရို ၂၀၂၄ မှာ အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ကာ ဖိုင်နယ်မှာ ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

myan789

ပယ်လ်မာက ချဲလ်ဆီးအသင်းထံပြောင်းရွှေ့ဖို့ ကနဦးတုန်းက မစီစဉ်ခဲ့ပဲ ပယ်ချဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ စီးတီးအတွက် စီနီယာကစားသမားဘ၀ ၄၁ ပွဲအထိ ပါဝင်ကစားပေးထားတဲ့ ပယ်လ်မာအနေနဲ့ ဂွါဒီယိုလာလက်အောက်မှာ နေရာရဖို့မသေချာတာကြောင့် ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ချဲလ်ဆီးကိုမပြောင်းချင်ခဲ့ပါဘူး။ ကျွန်တော် ဆွဲဆောင်ခံခဲ့ရတာပါ။ ကျွန်တော် လိုချင်သလောက်ကစားခွင့်မရဘူးဆိုတာကို သိခဲ့ပါတယ်။ အင်္ဂလန်အသင်းကိုသွားချိန်မှာ ကျွန်တော့်ထက်ငယ်တဲ့သူတွေတောင် အပတ်တိုင်းလိဂ်မှာ ပါဝင်ခွင့်ရနေပါတယ်။ အဲ့လိုအချိန်မှာ ကျွန်တော်ကစားခွင့်မရတာက စိတ်ပျက်စရာပါ။

Coole Palma admitted that he initially planned to reject Chelsea's offer

နိုး။ ဘာလို့လဲဆိုတာ သိလား?။ ကျွန်တော်က အငှားပဲထွက်ချင်ခဲ့တာပါ။ ဂွါဒီယိုလာက အတင်းထွက်ခွာဖို့ မတိုက်တွန်းခဲ့ပါဘူး”လို့ ပယ်လ်မာက ပြောကြားခဲ့ပါတယ်။ ပယ်လ်မာဟာ အင်္ဂလန်အသင်းကနေဒဏ်ရာကြောင့် နုတ်ထွက်ခဲ့တဲ့ကစားသမား ၈ ဦးထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် လာမယ့်နိုဝင်ဘာ ၂၃ ရက်နေ့မှာကန်မယ့် လက်စတာနဲ့ပွဲမှာ ချဲလ်ဆီးအတွက် ပါဝင်နိုင်မလားဆိုတာ မသိရသေးတာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular