spot_img

ချဲလ်ဆီးအသင်းပိုင်ရှင်များနဲ့တစ်ပတ်အတွင်း နှစ်ကြိမ်ဆွေးနွေးပြီးနောက် မန်နေဂျာဖြစ်ရန် ပိုချက်တီနိုရေပန်းစားနေ

စပါးအသင်းနှင့် ပီအက်စ်ဂျီအသင်းကိုကိုင်တွယ်ခဲ့သော ပိုချက်တီနိုသည် လာမည့်ဘောလုံးရာသီမတိုင်မီတွင် ချဲလ်ဆီးအသင်း၏ မန်နေဂျာသစ်ဖြစ်လာရန် များစွာနီးစပ်နေသည်။ ပိုချက်တီနိုသည် ပြီးခဲ့သည့်တစ်ပတ်အတွင်းတွင် ချဲလ်ဆီးအသင်းနှင့် ဆွေးနွေးမှုနှစ်ကြိမ်ပြုလုပ်ခဲ့သည်။

ချဲလ်ဆီးသည် မူလက နာဂယ်စ်မန်းကို ပစ်မှတ်ထားနေသော်လည်း နာဂယ်စ်မန်းက အဆိုပါအခွင့်အရေးကို ပယ်ချခဲ့သည်။ ထို့နောက်ပိုင်းတွင် ချဲလ်ဆီးအသင်း၏ အမေရိကန်လူမျိုး ပိုင်ရှင်များက ပိုချက်တီနိုနှင့် နှစ်ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

myan789

ထို့ကြောင့် ပိုချက်တီနိုသည် ပေါ်တာနောက်ပိုင်းတွင်အသင်းကိုကိုင်တွယ်သော ပထမဆုံး အမြဲတမ်း မန်နေဂျာဖြစ်လာမည်ဖြစ်ကြောင်းလည်း သတင်းများက သုံးသပ်ဖော်ပြသည်။ ပိုချက်တီနိုသည် ပီအက်စ်ဂျီအသင်းနှင့်လမ်းခွဲပြီးနောက်တွင်မည်သည့်အသင်းကိုမျှ ကိုင်တွယ်ခြင်းမရှိသေးချေ။

ပိုချက်တီနိုသည် နောက်တစ်ကြိမ်သူတာဝန်ယူရမည့်ကလပ်အသင်းကို စဉ်းစားရွေးချယ်နေပြီး သူ့အတွက် အမှတ်ပေးချန်ပီယံဆုကို အမှန်တကယ်စိန်ခေါ်နိုင်မည့်အခွင့်အရေးပေးသည့် အသင်းကိုသာ ရွေးချယ်တာဝန်ယူရန် ဆန္ဒရှိနေကြောင်း သတင်းများက ဖော်ပြသည်။

ပရီးမီးယားလိဂ်ကလပ်များဖြစ်သော ဝက်စ်ဟမ်းနှင့် ဗီလာတို့သည် ယခုနှစ်ဘောလုံးရာသီတွင် ပိုချက်တီနိုကို ကမ်းလှမ်းခဲ့သော်လည်းပယ်ချခြင်း ခံခဲ့ရသည်။ ပိုချက်တီနိုသည် စပါးအသင်းနှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း ရရှိရန် နီးစပ်ခဲ့သည်။

ချဲလ်ဆီးအသင်းမန်နေဂျာရာထူးအတွက် ပိုချက်တီနိုအပြင် ဘန်လေအသင်းမန်နေဂျာ ကွန်ပနီကလည်း ရေပန်းစားနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular