ချယ်လ်ဆီးအသင်း၏ နောက်ခံလူဟောင်း ဂျွန်တယ်ရီက ချယ်လ်ဆီးအသင်း၏ ရှယ်ယာ(၁၀%)အား ဝယ်ယူမည့် True Blues အဖွဲ့ကို ဦးဆောင်နေကြောင်း အတည်ပြုခဲ့သည်။
ဂျွန်တယ်ရီသည် ချယ်လ်ဆီးအမျိုးသမီးအသင်းကစားသမားဟောင်း ရက်ဖာတီနှင့်အတူ ယင်းအဖွဲ့ကို ဦးဆောင်နေခြင်းဖြစ်ပြီး ချယ်လ်ဆီးပရိသတ်များအနေဖြင့် ငွေကြေးအနည်းငယ်အသုံးပြုရုံဖြင့် အသင်း၏အစုရှယ်ယာဝင်ဖြစ်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
True Blues အဖွဲ့သည် ချယ်လ်ဆီးအသင်း၏ ရှယ်ယာ (၁၀%)ကို ပေါင်သန်း(၂၅၀)ဖြင့် ဝယ်ယူရန် ကြိုးပမ်းနေပြီး ချယ်လ်ဆီးပရိသတ်များကို တစ်ဦးလျှင် ပေါင်(၁၀၀)နှုန်းဖြင့် အစုရှယ်ယာပြန်ရောင်းပေးမည်ဖြစ်ကြောင်း သိရသည်။
ဂျွန်တယ်ရီက ”ချယ်လ်ဆီးက ကျွန်တော့်ဘဝမှာ (၂၂)နှစ်လောက် အရေးပါတဲ့အစိတ်အပိုင်းဖြစ်ခဲ့တာပါ။ ခေတ်သစ်တစ်ခုပြောင်းလဲတော့မယ့် ချယ်လ်ဆီးအသင်းရဲ့သမိုင်းကြောင်းနဲ့ အမွေအနှစ်ကို ကာကွယ်သွားချင်ပါတယ်”ဟု ဆိုခဲ့သည်။
တယ်ရီက ၎င်းတို့၌ အသင်းကို အလုံံးစုံဝယ်ယူနိုင်သည့် အင်အားမရှိဟုလည်း ဝန်ခံခဲ့သည်။