ချယ်လ်ဆီးအသင်းတွင် စာချုပ်သက်တမ်းပြည့်သည့် ၂၀၂၄ ခုနှစ်အထိဆက်ရှိလိုသည်ဟု FIFA အကောင်းဆုံးနည်းပြဆုရှင် တူဟယ်လ် ဖွင့်ဟ

၂၀၂၁ ခုနှစ်အတွက် The Best FIFA အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးရရှိခဲ့သည့် ဂျာမန်နည်းပြ တူဟယ်လ်က လက်ရှိကလပ် ချယ်လ်ဆီးအသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၄ ခုနှစ်အထိ နည်းပြ သွားလိုသည်ဟု ပြောကြားခဲ့သည်။

တူဟယ်လ်သည် ချယ်လ်ဆီးအသင်းသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ၁၈ လစာချုပ်ဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ပထမဆုံးရာသီတွင်ပင် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်ရာသီကုန်က ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။

myan789

စာချုပ်သက်တမ်းပြည့်မှ လမ်းခွဲမည်ဆိုပါက ချယ်လ်ဆီးအသင်းတွင် သုံးနှစ်ခွဲအထိ ဖြတ်သန်းရမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်လက်ထက်တွင် မည်သည့်နည်းပြမျှ ယင်းကာလအထိ ဖြတ်သန်း ခွင့်မရခဲ့ဖူးကြောင်းလည်း သိရသည်။

ထို့ကြောင့် တူဟယ်လ် က “သမိုင်းအစဉ်အလာကတော့ ဒါဟာ မလွယ်ကူဘူးလို့ ပြောနေပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလိုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်မှုအပြည့်ရှိနေပါတယ်။ ကျွန်တော် ဘယ်ကိုမှ မသွားချင်တာလည်း သေချာပါတယ်။ ကျွန်တော် ဒီမှာ တကယ်ပျော်ရွှင်နေပါတယ်။ ဘာတွေဖြစ်လာမလဲတော့ စောင့်ကြည့်ရမှာပါ။ ရလဒ်တွေက အဆုံးအဖြတ်ပေးမယ်ဆိုတာကိုတော့ အားလုံးသိပါတယ်”ဟု ပြောကြားခဲ့သည်။ တူဟယ်လ်သည် ပရီးမီးယားလိဂ်ချန်ပီ ယံမျှော်လင့်ချက် မှေးမှိန်သွားခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်လာရသည့်အတွက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တူဟယ်လ်သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက ချယ်လ်ဆီးသို့ စတင်ရောက်ရှိချိန်တွင် အသင်းမှ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပင် မသေချာသည့်အနေအထားရှိခဲ့သည်။ သို့ သော် ယင်းအသင်းကို ရာသီကုန်တွင် ချန်ပီယံလိဂ်ဆုဖလားနှင့် ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးလေးသင်းစာရင်းသို့ ဝင်ရောက်နိုင်အောင် စီစဉ်ပေးခဲ့သည်။

တူဟယ်လ်သည် FIFA အကောင်းဆုံးနည်းပြဆုကို မန်စီနီ၊ ဂွါဒီယိုလာတို့ကိုကျော်ဖြတ်ကာ ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ယင်းဆုအား ဂျာမန်လူမျိုးနည်းပြများက သုံးနှစ်ဆက်တိုက်ရရှိခြင်းလည်းဖြစ်ကြောင်း သိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular