ဂျူဗင်တပ်စ်အသင်းသည် ချယ်လ်ဆီးအသင်းမှ ဂျာမနီလက်ရွေးစင်တိုက်စစ်မှူး ဗာနာကို အငှားဖြင့်ခေါ်ယူနိုင်ရန် ကြိုးပမ်းနေသည်ဟု Sky Sport Italia က ဖော်ပြခဲ့သည်။
သို့သော် ဂျူဗင်တပ်စ်အနေဖြင့် အငှားစာချုပ်ပြည့်သွားသည့် မိုရာတာကို အပြီးသတ်ခေါ်ယူနိုင်ရေးမှာ ပထမဦးစားပေးဖြစ်ပြီး ဗာနာကိုမူ အငှားဖြင့်သာ ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။
အီတလီအားကစားဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဂျူဗင်တပ်စ်အသင်းသည် ဗာနာအား ခေါ်ယူရေးအတွက် ချယ်လ်ဆီးနှင့် ဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။
သို့သေည် ချယ်လ်ဆီးအသင်းသည် အသင်းတိုက်စစ်မှူး ဗာနာနေရာတွင် အစားထိုးမည့် တိုက်စစ်မှူး ခေါ်ယူပြီးမှသာ ၎င်းအားလက်လွှတ်ဖွယ်ရှိနေကြောင်း သိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ ဂျာမန်တိုက်စစ်မှူး ဗာနာသည် ချယ်လ်ဆီးအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး (၂) ရာသီအတွင်း ပြိုင်ပွဲစုံ (၈၉) ပွဲတွင် (၂၃) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။