spot_img

ချယ်လ်ဆီးကို ဝယ်ယူရန် ကြိုးပမ်းနေသူများထဲတွင် ဆော်ဒီမီဒီယာအုပ်စုနှင့် နယူးယောက်ဂျက်စ်ပိုင်ရှင်တို့ ပါဝင်ခြင်းမရှိတော့ဟု ဗြိတိန်မီဒီယာများ ဖော်ပြ

ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် ကြိုးပမ်းနေသူများထဲတွင် ဆော်ဒီမီဒီယာအုပ်စုနှင့် နယူးယောက်ဂျက်စ်အသင်းပိုင်ရှင်တို့ ပါဝင်ခြင်းမရှိတော့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းကို ရုရှားသူဌေး အေဘရာမိုဗစ်ချ်က ပေါင်(၃)ဘီလီယံဖြင့် ရောင်းချရန် စီစဉ်ထားခြင်းဖြစ်ပြီး ယူကရိန်း-ရုရှားစစ်ပွဲကြောင့် အမြန်ဆုံးရောင်းထုတ်ရမည့်အခြေအနေဖြစ်ခဲ့သည်။

myan789

သတင်းများအရ ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် စိတ်ဝင်စားသူ (၂၀၀)ဝန်းကျင်ရှိခဲ့ပြီး တရားဝင်ကမ်းလှမ်းမှုပြုလုပ်သူ (၃၀) ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။

ယင်းတို့အနက် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသူများကို ချယ်လ်ဆီးအသင်းအား ရောင်းချရာတွင် ဦးစီးဆောင်ရွက်ပေးနေသည့် Raine Group က ဖယ်ရှားခဲ့ရာ ဆော်ဒီမီဒီယာအုပ်စုနှင့် နယူးယောက်ဂျက်စ်အသင်းပိုင်ရှင် ဝူဒီဂျွန်ဆင်တို့ ပါဝင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Raine Group သည် ကမ်းလှမ်းမှုများအနက် ရောင်းချရန် အသင့်တော်ဆုံးသူများကို အဆင့်ဆင့်စစ်ထုတ်ကာ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်၌ အမေရိကန်လုပ်ငန်းရှင်များ ဦးဆောင်နေသော အုပ်စုနှစ်ခုနှင့် ဗြိတိန်လုပ်ငန်းရှင် နစ်ခ်ကန်ဒီတို့ အပြိုင်ဖြစ်နေကြောင်း သိရသည်။

အစောပိုင်းကတည်းက ရေပန်းစားခဲ့သော တော့ဒ်ဘိုလီ ဦးဆောင်သည့် အမေရိကန်လုပ်ငန်းရှင်အုပ်စုကပင် အလားအ လာအကောင်းဆုံးဖြစ်နေကြောင်းလည်း သိရသည်။

Raine Group သည် ချယ်လ်ဆီးအသင်းအား ရောင်းချရန်အတွက် နောက်ဆုံးအဆင့်အဖြစ် ဆွေးနွေးသွားမည့်သူများကို လာ မည့် သောကြာနေ့တွင် အတည်ပြုကြေညာသွားဖွယ်ရှိကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular