spot_img

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်

မန်ယူ – ဂါလာတာစာရေး (အောက်တိုဘာ ၄ ရက် နံနက် ၁း၃၀ နာရီ)

မန်ယူနိုက်တက်က ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရ ပြီး ဒီပွဲမှာလည်း ကစားသမားတော်တော်များများ လွဲချော်ဦးမှာ ဖြစ်တယ်။ အသင်းရဲ့တိုက်စစ်ပိုင်းက လူပြန်စုံနေပြီး အဓိကပြဿနာက ရပ်ရှ်ဖို့ဒ်၊ ဟွိုင်လန်းတို့ ဂိုးသွင်းခြေ မတွေ့သေးဘူး။

ဂါလာတာစာရေးက ဂန္ထဝင်ကစားသမားဟောင်း အိုကန်ဘူရက်ခ် ရဲ့အသင်းဖြစ်ပြီး ဇီယာ့ရှ် ဒဏ်ရာပြဿနာ ရှိနေတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ပဲလေ့စ်ကို ရှုံးထားတဲ့ မန်ယူနိုက်တက် ဒီပွဲမှာတော့ နိုင်ပွဲပြန်ယူနိုင်လိမ့်မယ်။

myan789

 FC ကိုပင်ဟေဂင် – ဘိုင်ယန်မြူးနစ် (အောက်တိုဘာ ၄ ရက် နံနက် ၁း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို အကြိတ်အနယ်ကစားပြီး အနိုင်ရခဲ့တယ်။ ကိုပင်ဟေဂင်ကတော့ ဂါလာတာစာရေးကွင်းမှာ သရေကစားနိုင်ခဲ့ပြီး ချီးကျူးစရာပုံစံကောင်းကို မြင်တွေ့ခဲ့ရတယ်။ ဒီပွဲမှာလည်း အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ဆီက အမှတ်ယူဖို့ ကြိုးစားမှာ သေချာတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်ရဲ့အတွေ့အကြုံနဲ့ ခြေစွမ်းအရ  ဒီပွဲမှာလည်း ၃ မှတ် ယူဦးမှာပဲ။

လန်းစ် – အာဆင်နယ် (အောက်တိုဘာ ၄ ရက် နံနက် ၁း၃၀ နာရီ)

ဒီရာသီ လန်းစ်ရဲ့ခြေစွမ်းက အားရစရာမရှိဘူး။ ပြင်သစ်လီဂူးမှာလည်း ပွဲစဉ် ၇ ပွဲမှာ ၇ မှတ်ပဲရပြီး အဆင့် ၁၃ အထိ ရောက်နေတယ်။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး လက်ရှိခြေစွမ်းပိုင်း၊ ရလဒ်ပိုင်းက အကောင်းဆုံးအနေအထားမှာ ရှိနေတာကို တွေ့ရတယ်။ အဖွင့်ပွဲတုန်းကလည်း PSV လိုအသင်းကို ဂိုးပြတ်နိုင်ထားတယ်။ အာဆင်နယ် နိုင်ပွဲဆက်မယ်။

PSV – ဆီဗီလာ (အောက်တိုဘာ ၄ ရက် နံနက် ၁း၃၀ နာရီ)

PSV အသင်းက အဖွင့်ပွဲမှာ အာဆင်နယ်ကို ဂိုးပြတ်ရှုံးခဲ့ပြီး ဆီဗီလာကတော့ အဖွင့်ပွဲတုန်းက လန်းစ်ကို သရေသာ ကစားနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဆီဗီလာက ဥရောပပွဲစဉ်တွေမှာ အဝေးကွင်း ၇ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာ တွေ့ရပြီး ဒီရာသီမှာ ဘယ်လိုကစားမလဲဆိုတာကို စောင့်ကြည့်ရမယ်။ အာဆင်နယ်ကို ဂိုးပြတ်ရှုံးခဲ့ပေမဲ့ PSV က ခြေမှန်နေတဲ့အသင်းပါ။ PSV ကို ကြိုက်တယ်။

အူန်ယွန်းဘာလင် – စပို့တင်းဘရာဂါ (အောက်တိုဘာ ၃ ရက် ည ၁၁း၁၅ နာရီ)

အူန်ယွန်းဘာလင်က ဒီရာသီမှာ တော်တော်လေး အခြေအနေဆိုးနေပြီး ပြိုင်ပွဲစုံမှာ ရှုံးပွဲဆက်နေတာတွေ့ရတယ်။ စပို့တင်းဘရာဂါက အသင်းကောင်းတစ်သင်းဖြစ်ပြီး အဖွင့်ပွဲတုန်းက နာပိုလီကို ရှုံးခဲ့ပေမဲ့ ခြေစွမ်းမညံ့ပါဘူး။ ဥရောပ အတွေ့အကြုံအရရော၊ ခြေစွမ်းပါပိုကောင်းတယ်လို့ ပြောရမယ်။ ဘရာဂါကို ကြိုက်တယ်။

 နာပိုလီ – ရီးယဲလ်မက်ဒရစ် (အောက်တိုဘာ ၄ ရက် နံနက် ၁း၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက အသင်းဟောင်း နာပိုလီနဲ့ ပြန်လည်ဆုံတွေ့ရခြင်းဖြစ်တယ်။ နာပိုလီက ဒီရာသီမှာ အရင်က ပုံစံဟောင်းကို မပြနိုင်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာတော့ အဖွင့်ပွဲမှာ အသင်းကောင်း တစ်သင်းဖြစ်တဲ့ ပေါ်တူဂီကလပ် ဘရာဂါကို အဝေးကွင်းနိုင်ပွဲ ယူထားတာကို တွေ့ရတယ်။ ရီးယဲလ်မက်ဒရစ်အသင်းက ဒီရာသီမှာ ဘယ်လင်ဟမ်၊ ဟိုဆေးလူတို့ ဂိုးမြူးနေကြပြီး လာလီဂါအမှတ်ပေးဇယားမှာလည်း အခြေအနေကောင်းနေတာတွေ့ရတယ်။ ဒီပွဲက နာပိုလီ အိမ်ကွင်းဖြစ်လို့ အခြေအနေကောင်းပေမဲ့ ရူဒီဂါစီယာရဲ့အသင်းက အရမ်းတော့ စိတ်မချရပါဘူး။ ၁-၁ လောက်နဲ့ သရေကျသွားဖို့များတယ်။

ဆာလ်ဇ်ဘာ့ဂ် – ဆိုစီဒက် (အောက်တိုဘာ ၃ ရက် ည ၁၁း၁၅ နာရီ)

ဆာလ်ဇ်ဘာ့ဂ်က အဖွင့်ပွဲမှာ မထင်မှတ်ဘဲ ဘင်ဖီကာလို အသင်းမျိုးကို အဝေးကွင်းမှာ အနိုင်ကစားသွားခဲ့တာကို တွေ့ရတယ်။ ဆိုစီဒက်ကလည်း ပြီးခဲ့တဲ့ရာသီက ဗိုလ်လုပွဲတက်ခဲ့တဲ့ အင်တာမီလန်ကို နိုင်သင့်တဲ့ခြေစွမ်းနဲ့ ကစားခဲ့ပြီး သရေကျခဲ့ တာဖြစ်တယ်။ နှစ်သင်းစလုံးက မထင်မှတ်တာတွေကို လုပ်ပြနိုင်တဲ့အသင်းတွေ ဖြစ်တယ်။ ဒါပေမဲ့ ဆိုစီဒက်က ပိုငြိမ်မယ်လို့ ထင်တယ်။ ဆိုစီဒက်ကို ကြိုက်တယ်။

အင်တာမီလန် – ဘင်ဖီကာ (အောက်တိုဘာ ၄ ရက် နံနက် ၁း၃၀ နာရီ)

ဒီနှစ်သင်းက ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ခဲ့ပြီး အင်တာမီလန် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၃-၃ ဂိုးစီသရေကျခဲ့တယ်။ မာတီနက်ဇ် ဦး ဆောင်နေတဲ့ အင်တာမီလန်က အဖွင့်ပွဲမှာ သရေကျခဲ့ပြီး ဘင်ဖီကာကတော့ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ထားတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အင်တာမီလန်ရဲ့ ချန်ပီယံလိဂ် အိမ်ကွင်းမှတ်တမ်းက  ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးဖြစ်ပြီး တော်တော်လေးအားကောင်းခဲ့တယ်။ ဒီပွဲလည်း အင်တာမီလန်ကို ကြိုက်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular