spot_img

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

လိုက်ပ်ဇစ် – PSG (မြန်မာစံတော်ချိန် သြဂုတ်လ ၁၉ ရက် နံနက် ၁း၃၀ နာရီ)

လိုက်ပ်ဇစ်အတွက်တော့ အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားဟန်လုံးဝခြားနားတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ အက်သလက်တီကိုမက်ဒရစ်က ခံစစ်ကို ဦးစားပေးကစားတဲ့အသင်းမျိုးဖြစ်ပြီး လိုက်ပ်ဇစ်အနေနဲ့ ပွဲကို ဦးဆောင်လွှမ်းမိုးဖို့ လွယ်ကူခဲ့တယ်။ PSG ကတော့ တိုက်စစ်စွမ်းဆောင်ရည်မြင့်ပြီး လိုက်ပ်ဇစ်ကို ပြန်ဖိအားပေးလိမ့်မယ်။ ဒီအချက်က လိုက်ပ်ဇစ်အတွက် စိုးရိမ်စရာဖြစ်တယ်။ လိုက်ပ်ဇစ်က ဒီရာသီဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့စလုံး သရေကစားခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်ကို ကျော်ဖြတ်လာတဲ့အသင်းဖြစ်တယ်။ ဘိုင်ယန်မြူးနစ်နဲ့ (၂)ပွဲပေါင်း ပျမ်းမျှဘောလုံးပိုင်ဆိုင်ခွင့် (၃၀)ရာခိုင်နှုန်းလောက်ပဲ ရှိတာကိုလည်းတွေ့ရတယ်။ PSG က ကွင်းလယ်ကစားပုံ သိပ်မကောင်းပါဘူး။ ဒါကြောင့် လိုက်ပ်ဇစ် ယှဉ်ကစားနိုင်စွမ်းရှိသလို၊ အက်သလက်တီကိုနဲ့တုန်းကလိုပဲ လွတ်လွတ်လပ်လပ်၊ ဖိအားကင်းကင်းကစားနိုင်ဖို့ များတယ်။ ပြဿနာက PSG တိုက်စစ်ပိုင်းပဲ။ တစ်ဦးချင်း စွမ်းဆောင်ရည်အရမ်းမြင့်တယ်။ အီကာဒီက စိုးရိမ်စရာမဟုတ်ပေမယ့် နေမာ-ဘာပေတို့ရဲ့ တောင်ပံနှစ်ဖက်ကို ထိန်းချုပ်နိုင်ဖို့ကခက်တယ်။ ဒီကစားသမားတွေကအခွင့်အရေးဖန်တီးမှုတွေကို လွယ်လွယ်ကူကူလုပ်ဆောင်နိုင်တဲ့သူတွေဖြစ်တယ်။ ဒီအချက်ကပဲ လိုက်ပ်ဇစ်တည်ဆောက်ထားတဲ့ Game Plan ကို ဖျက်ဆီးပစ်နိုင်တဲ့အချက်ဖြစ်တယ်။ PSG ရဲ့ တိုက်စစ်က နေမာ၊ ဘာပေတို့က ဒီယေဂိုကော်စတာတို့လို ထိန်းချုပ်ရလွယ်ကူသူတွေမဟုတ်ဘူး။ ယာအိုဖီးလစ် ဝင်လာတဲ့အချိ်န်မှာ လိုက်ပ်ဇစ်ခံစစ်က ပြဿနာပေါ်ခဲ့တာကိုကြည့်ရင် ဒီအချက်က ဒီပွဲအတွက် အရေးကြီးနေတယ်။ PSG ပဲ ဗိုလ်လုပွဲတက်မယ်။ ဂိုးမပြတ်နိုင်ဘူး။ (၂-၁)လောက်ပဲ ဖြစ်မယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular