spot_img

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်(ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

လီဗာပူးလ် – ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် နံနက် ၁:၃၀ နာရီ)
ပထမအကျော့ပွဲက ခြေစွမ်းကိုပြန်ပြောရရင် လီဗာပူးလ်က ဒီရလဒ်နဲ့ထိုက်တန်တဲ့ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့တာဖြစ်တယ်။ အထူးသဖြင့် ပထမအကျော့ရဲ့ပထမပိုင်းခြေစွမ်းက လီဗာပူးလ်ကို အခုလောက်အထိ ခက်ခဲသွားစေခဲ့တာဖြစ်တယ်။ ရီးယဲလ်မက်ဒရစ်ကလည်း ရှားရှားပါးပါးအကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တဲ့အချိန်နဲ့ ကြုံသွားခဲ့တာဖြစ်ပြီး နောက်ပိုင်းကစားခဲ့တဲ့ (၁၀) ပွဲလောက်အတွင်း လီဗာပူးလ်ကို ကစားခဲ့တဲ့ပွဲလောက် ပိုကောင်းတဲ့ပွဲမျိုးမရှိခဲ့ဘူးလို့ ပြောရမယ်။ အခု ဒီပွဲမှာရော ရီးယဲလ်မက်ဒရစ်က ဒီခြေစွမ်းကို ဆက်ထိန်းထားနိုင်ပါ့မလား။ ရီးယဲလ်မက်ဒရစ်ရဲ့ နောက်ပိုင်းပွဲရလဒ်တွေက တော်တော်လေးအားရစရာကောင်းပြီး နိုင်ပွဲတွေဆက်နေတာ မြင်ရပေမဲ့ တကယ်တော့ လီဗာပူးလ်ကို ကစားခဲ့တဲ့ ခြေစွမ်းမျိုးကိုတော့ တစ်သမတ်တည်း ပြသနိုင်ခဲ့တာမဟုတ်ဘူး။ နောက်တစ်ချက်က လီဗာပူးလ်အသင်းရဲ့ လူအင်အား၊ ခြေစွမ်းပိုင်းဟာ ရီးယဲလ်မက်ဒရစ်ကို ကောင်းကောင်းယှဉ်နိုင်ခြင်းရှိတာ တွေ့ရတယ်။ ခြေမတွေ့တဲ့ပွဲမှာ ရှုံးခဲ့ပေမဲ့ ခြေတွေ့တဲ့ပွဲမှ ပြန်အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ယူဆရတယ်။ ချန်ပီယံဖြစ်ခဲ့တဲ့ရာသီတုန်းက ဘာစီလိုနာကို ဂိုးပြတ်ရှုံးပြီးမှာ ဂိုးပြတ်ပြန်နိုင်ခဲ့တာမျိုးကို လုပ်နိုင်စွမ်းရှိနေပါသေးတယ်။ ခံစစ်ပြဿနာကြောင့်သာ နောက်တစ်ဆင့်တက်ဖို့လောက်အထိ မယုံပေမဲ့ နိုင်ပွဲတော့ ယူနိုင်မယ်ထင်တယ်။

ဒေါ့မွန် – မန်စီးတီး (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် နံနက် ၁:၃၀ နာရီ)
မန်စီးတီးအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲပါပဲ။ ဒေါ့မွန်အသင်းရဲ့တိုက်စစ်က မန်စီးတီးကို ပုံစံမျိုးစုံနဲ့ ဒုက္ခပေးနိုင်တယ်ဆိုတာကို ပထမအကျော့မှာကတည်းက တွေ့ခဲ့ရပြီးပြီ။ မန်စီးတီးက ပိုကောင်းတဲ့အသင်းဖြစ်ပြီး ချန်ပီယံဆုပါ မှန်းလို့ရပေမဲ့ ဂွါဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ်ဖြတ်သန်းမှုတစ်လျှောက်လုံး မထင်မှတ်တဲ့အသင်းတွေနဲ့ချည်း ထွက်ခဲ့ရတာဖြစ်လို့ ဒေါ့မွန်လည်း မထင်မှတ်တာတွေ လုပ်သွားနိုင်တယ်လို့ ထင်တယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular