spot_img

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်(ပထမအကျော့) ပွဲကြိုသုံးသပ်ချက်

ရီးယဲလ်မက်ဒရစ် – လီဗာပူးလ် (မြန်မာစံတော်ချိန် ဧပြီလ ၇ ရက် နံနက် ၁း၃၀ နာရီ)
ပြီးခဲ့တဲ့နှစ်တွေမှာ ချန်ပီယံလိဂ်ဖလားကို ယူခဲ့ဖူးတဲ့အသင်းတွေဖြစ်ပြီး၊ ရီးယဲလ်မက်ဒရစ်က လီဗာပူးလ်ကို ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ယူခဲ့ဖူးတယ်။ လက်ရှိအချိန်မှာတော့ နှစ်သင်းစလုံးက အားမျှနေတဲ့အခြေအနေဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ဖို့က ၅၀-၅၀ ပါပဲ။ လီဗာပူးလ်က ဒီရာသီပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးနေပြီး အခုအချိန်မှာ အဆင့်(၅)နေရာကို ရောက်နေသလို လိဂ်ဖလား၊ FA ဖလားပြိုင်ပွဲတွေကလည်း ထွက်ခဲ့ရပြီးဖြစ်တယ်။ ချန်ပီယံလိဂ်က ယာဂန်ကလော့ပ်ရဲ့အသင်းအတွက် တစ်ခုတည်းသော မျှော်လင့်စရာဖလားဖြစ်ပြီး၊ လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်ကခြေစွမ်းကလည်း ကောင်းမွန်နေတာကို တွေ့ရတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ အခုအချိန်အထိ အားကောင်းနေဆဲဆိုပေမဲ့ အရင်ပုံစံနဲ့ယှဉ်ရင် ခြေစွမ်းရော၊ အရှိန်အဝါပိုင်းမှာပါ သိသိသာသာကျဆင်းသွားတာ တွေ့ရတယ်။ သွင်းဂိုးတွေအတွက် ဘန်ဇီမာတစ်ဦးတည်းကို အားကိုးနေရပြီး၊ နောက်ပိုင်းပွဲတွေမှာ အဆန်စီယို ဂိုးတွေ ပြန်သွင်းနေတာကတော့ အားတက်စရာပါ။ နှစ်သင်းစလုံးက နောက်ပိုင်းပွဲတွေမှာတော့ နိုင်ပွဲတွေပြန်ယူနေတာ တွေ့ရပြီး၊ လီဗာပူးလ်ရဲ့အားနည်းတဲ့ခံစစ်ကလည်း Clean Sheet တွေ ဆက်တိုက်ရလာတယ်။ ဒီပွဲက ရီးယဲလ်ကွင်းဆိုပေမဲ့ လီဗာပူးလ် သရေလောက်ကစားနိုင်မယ်ထင်တယ်။

မန်စီးတီး – ဒေါ့မွန် (မြန်မာစံတော်ချိန် ဧပြီလ ၇ ရက် နံနက် ၁း၃၀ နာရီ)
မန်စီးတီးက အကောင်းဆုံးအချိန်ကိုရောက်နေပြီး၊ ဒေါ့မွန်ကတော့ ရလဒ်တွေ ယိမ်းယိုင်နေတယ်။ လက်ရှိခြေစွမ်းအရ ဒေါ့မွန်က မန်စီးတီးကို ယှဉ်နိုင်စရာမရှိတာ သေချာပါတယ်။ ဒါပေမဲ့ တစ်ဦးချင်းအားကောင်းပြီး၊ မြန်နှုန်းမြင့်တဲ့ ဒေါ့မွန်တိုက်စစ်ကို မန်စီးတီးအသင်းရဲ့ခံစစ်ပိုင်းက ခက်ခက်ခဲခဲ ထိန်းချုပ်ရမှာလည်း သေချာတယ်။ ဂိုးတွေ အပြန် အလှန်သွင်းနိုင်တယ်။ မန်စီးတီး (၂-၁၊ ၃-၁)လောက်ဖြစ်မယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular