အက်စတွန်ဗီလာအသင်း၏ ကွင်းလယ်ကစားသမား ဂျာကော့ဘ်ရမ်ဆေးက မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည့် ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရန် တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။
အက်စတွန်ဗီလာအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနေပြီး ပွဲစဉ် (၁၆) အပြီးတွင် ရမှတ် (၃၅) မှတ်ဖြင့် အဆင့် (၃) နေရာ၌ ရပ်တည်နေသည်။
အက်စတွန်ဗီလာအသင်းအနေဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း (၃၇ မှတ်)နှင့် (၂) မှတ်သာ ကွာဟပြီး အဆင့် (၅)မှ စပါးအသင်း (၃၀ မှတ်)ကိုမူ (၅) မှတ် ဖြတ်ထားနိုင်သည်။
“ကျွန်တော်တို့ရဲ့ အိမ်ကွင်းပုံစံကောင်းကို အဝေးကွင်းမှာလည်း ပြသနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ထိပ်ဆုံး(၄)သင်းစာရင်း မဝင်နိုင်စရာမရှိပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသင်းတွေအများကြီး တိုက်ပွဲဝင်နေကြပေမဲ့ ကျွန်တော်တို့လည်း ရနိုင်ပါတယ်။ ကျွန်တော်တို့ ဒါကို အဓိကပစ်မှတ်ထားသင့်ပါတယ်”ဟု ဂျာကော့ဘ်ရမ်ဆေးက ပြောကြားခဲ့သည်။
အက်စတွန်ဗီလာအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်အိမ်ကွင်း (၈) ပွဲကစားထားရာတွင် (၈) ပွဲစလုံး အနိုင်ထားရသည်။