spot_img

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် (ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

စပါး – အေစီမီလန် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

စပါးက နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ တစ်ပွဲက FA ဖ လားပြိုင်ပွဲက ထွက်ခဲ့ရပြီး တစ်ပွဲက ပရီးမီးယားလိဂ်မှာ ရှုံးခဲ့ တယ်။ စပါးရဲ့ Rhythm က မမှန်ဘူး။ ဂိုးအများကြီး မပေးရပေ မဲ့ ခံစစ်နဲ့ ဂိုးပေါက်က သိပ်စိတ်မချရဘူး။ တိုက်စစ်ကလည်း ဂိုးသွင်းနှုန်းကျနေတာ တွေ့ရတယ်။ အေစီမီလန်က ရလဒ်တွေ ဆက်တိုက်ကောင်းနေပြီး နောက်ဆုံးပွဲမှာ မထင်မှတ်ဘဲ ဖီအို ရင်တီးနားကို ရှုံးခဲ့တယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းအရ အေစီမီ လန်အားသာဆဲပါ။ အေစီမီလန်ကိုပဲ ကြိုက်တယ်။ 

ဘိုင်ယန်မြူးနစ် – PSG (ကြာသပတေးနံနက် ၂း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းရဲ့ကွင်းမှာ PSG အနေနဲ့ နှစ်ဂိုးပြတ်သွင်းနိုင်မှ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိမယ့် အ ခြေအနေက မလွယ်ကူဘူး။ ဘိုင်ယန်မြူးနစ်ရဲ့ခံစစ်က PSG တိုက်စစ်ကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကို ကောင်းကောင်း နားလည်တယ်။ မက်ဆီ ကွင်းလယ်မှာ ရှိနေမယ်၊ ဘိုင်ယန်မြူးနစ်ကွင်းလယ်နဲ့ ခံစစ်လိုင်းတွေကြားမှာ ဒုက္ခပေးမယ် ဆိုတဲ့အ ခြေအနေအတွက် ဘိုင်ယန်မြူးနစ်က မက်ဆီကို ထိန်းချုပ်ခဲ့ဖူးတဲ့အတွေ့အကြုံပေါင်းများစွာရှိတယ်။ နောက်ပိုင်းနှစ်တွေမှာ တောက်လျှောက်အောင်မြင်နေတာလည်း တွေ့ရတယ်။ ဘိုင်ယန်မြူးနစ်တိုက်စစ်ကို PSG ပြန်ထိန်းချုပ်တဲ့အပိုင်းမှာသာ အ ခက်အခဲရှိနိုင်ပြီး ပွဲက ဘိုင်ယန်အတွက် အလေးသာတဲ့အခြေအနေပါ။ ဘိုင်ယန်ကိုပဲ ကြိုက်တယ်။ 

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular