spot_img

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရရှိခဲ့သည့် ဒီဘရိုင်းနား၏ဒဏ်ရာ ခွဲစိတ်ကုသရန် မလိုအပ်

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရရှိခဲ့သည့် ဒီဘရိုင်းနား၏ မျက်လုံးနှင့် နှာခေါင်းမှ ဒဏ်ရာများမှာ ခွဲစိတ်ကုသမှုခံယူရန် မလိုအပ်ကြောင်း ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း နည်းပြ ရောဘတ်တိုမာတီနက်ဇ်က ပြောကြားခဲ့သည်။

မာတီနက်ဇ်က ” နောက်ထပ် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ရဦးမှာဖြစ်ပေမဲ့ ဒီဘရိုင်းနားရဲ့ဒဏ်ရာက ခွဲစိတ်ဖို့ မလိုအပ်ပါဘူး။ ခွဲစိတ်မှုသာ ခံယူရမယ်ဆိုရင် ယူရိုမှာ ပါဝင်နိုင်ဖို့ တော်တော်ခက်မှာပါ။ အခုတော့ အချိန်မီ ပြန်ကောင်းလာနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ သို့သော် ဘယ်လ်ဂျီယံအသင်း၏အုပ်စုအဖွင့်ပွဲကိုမူ လွဲချော်ဖွယ်ရှိကြောင်း မီဒီယာများက သုံးသပ်ထားကြသည်။

myan789

ဒီဘရိုင်းနားသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါနှင့် ဘောလုံးယှဉ်လုရာမှ မျက်နှာကို ထိခိုက်မိခဲ့ပြီး ပွဲချိန်မိနစ် ၆၀ ၌ လူစားလဲခံခဲ့ရသည်။ ဒီဘရိုင်းနားသည် ယင်းဒဏ်ရာကို ကွင်းအတွင်း၌ အချိန်ကြာမြင့်စွာ ကုသမှုခံယူခဲ့ရသလို၊ ဆေးရုံတွင်လည်း စမ်းသပ်ကုသမှု ပြုလုပ်ခဲ့ရ ကြောင်း သိရသည်။

မန်စီးတီးအသင်းကလည်း ကလပ်အသင်းမှလူအားလုံး ဒဏ်ရာမှ အမြန်ဆုံးသက်သာလာစေရန် ဆုတောင်းပေးနေကြောင်း ရေးသားခဲ့သည်။ ယခုကဲ့သို့ ဒီဘရိုင်းနား ဒဏ်ရာရရှိခဲ့ခြင်းအတွက် ရူဒီဂါက Twitter မှတစ်ဆင့် တောင်းပန်စကားဆိုခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ပြန်လည်ဆုံတွေ့ရန် မျှော်လင့်သည်ဟုလည်း ဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular