ချယ်လ်ဆီးနည်းပြ တူဟယ်လ်က အသင်း၏အဓိက ကစားသမားများဖြစ်သည့် မန်ဒီနှင့် ကွန်တီတို့သည် မန်စီးတီးအသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပါဝင်ကစားရန် ကြံ့ခိုင်မှုပြည့်ဝကြောင်း ပြောကြားခဲ့သည်။
ဆီနီဂေါလက်ရွေးစင်ဂိုးသမား မန်ဒီသည် ဗီလာအသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်တွင် ဂိုးတိုင်နှင့်တိုက်မိရာမှ နံရိုးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးတွင် ကယ်ပါနှင့် လူစားလဲခဲ့ရသည်။
ပြင်သစ်ကွင်းလယ်လူ ကွန်တေမှာလည်း လက်စတာအသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ရာသီပိတ်ပွဲစဉ်ကို လွဲချော်ခဲ့ရသည်။
သို့သော် ၎င်းတို့နှစ်လုံးမှာ အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး ယနေ့ညကစားမည့် မန်စီးတီးအသင်းနှင့်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝကြောင်း တူဟယ်လ်က ဆိုခဲ့ခြင်းဖြစ်သည်။
တူဟယ်လ်က “သတင်းကောင်းပါပဲ။ မန်စီးတီးနဲ့ ကစားမယ့်ပွဲအတွက် အသင်းမှာ ဒဏ်ရာရကစားသမား မရှိပါဘူး။ ပွဲကစားမယ့်အချိန်အထိ ဒီအတိုင်းဖြစ်နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ မန်ဒီနဲ့ ကွန်တေတို့လည်း မန်စီးတီးနဲ့ပွဲမှာ ပါဝင်ကစားဖို့ ကြံ့ခိုင်မှု ပြည့်ဝပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် တူဟယ်လ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မန်စီးတီးအသင်းက ရေပန်းစားသည့်အသင်းဖြစ်သော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။