spot_img

ချန်ပီယံလိဂ်ဗိုလ်လုပွဲခရီးစဉ်အတွက် ပရိသတ်များကို မန်စီးတီးကဲ့သို့ ချယ်လ်ဆီးမထောက်ပံ့နိုင်၍ လက်မှတ်အချို့မရောင်းချရဘဲပိုနေ

ယခုစနေနေ့ (မေ ၂၉ ရက်)တွင် ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ချယ်လ်ဆီးအသင်းမှာ ၎င်းတို့၏ ပရိသတ်များကို အထောက်အပံ့ ကောင်းကောင်းမပေးနိုင်၍ ယင်းပွဲအတွက် ရရှိသည့်လက်မှတ်ခွဲတမ်းမှာ ရောင်းမကုန်ဘဲ ပိုလျှံနေကြောင်း သိရသည်။

ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့့ရှိ Estadio do Dragao ကွင်းတွင် ကစားမည့် ယင်းဗိုလ်လုပွဲ၌ ကွင်းအတွင်းသို့ ပရိသတ် (၁၆၅၀၀)ဦး (ကွင်းဝင်ဆံ့သူဦးရေ၏ သုံးပုံတစ်ပုံ)ဝင်ရောက်ကြည့်ရှုရန် ဥရောပဘောလုံးအဖွဲ့့ချုပ်(UEFA)က စီစဉ်ထားပြီး မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့မှာ လက်မှတ်စောင်ရေ (၅၈၅၀)စီ ခွဲတမ်းရရှိထားကြသည်။

myan789

UEFA သည် လက်မှတ်စောင်ရေ (၁၇၀၀)ကို အများပြည်သူသို့ လွတ်လပ်စွာ (မည်သည့်ပရိသတ်မဆိုဝယ်ယူနိုင်သည့် General Sale) ရောင်းချခဲ့ပြီး ယင်းလက်မှတ်များမှာ ရောင်းကုန်သွားခဲ့ပြီဖြစ်သလို၊ မန်စီးတီးအသင်း၏ ခွဲတမ်းလက်မှတ်များမှာလည်း ရောင်းကုန်သွားခဲ့ပြီဖြစ်သည်။

သို့သော် ချယ်လ်ဆီးအသင်း၏လက်မှတ်များမှာ ပြီးခဲ့သည့် မေ (၂၆)ရက်နေ့အထိ ရောင်းမကုန်နိုင်သေးဘဲ လက်မှတ်စောင်ရေ(၈၀၀)ကျော် ကျန်ရှိနေသေးကြောင်းသိရသည်။

ယင်းကဲ့သို့ လက်မှတ်များကျန်ရှိနေရခြင်း၏ အကြောင်းအရင်းမှာ ချယ်လ်ဆီးအသင်းအနေဖြင့် ပြိုင်ဘက်မန်စီးတီးအသင်းကဲ့သို့ ပရိသတ်များကို အထောက်အပံ့ကောင်းကောင်း မပေးနိုင်၍ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ ကြသည်။

ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကြည့်ရှုလိုသော ပရိသတ်များအား အသွားအပြန်တစ်ရက်ကြာလေယာဉ်ခရီးစဉ် စီစဉ်ပေးထားပြီး ယင်း Package ခရီးစဉ်အတွက် သတ်မှတ်ထားသည့်တန်ဖိုးမှာ ပေါင်(၂၀၀)ဖြစ်သည်။

ယင်းပေါင်(၂၀၀)အတွက် ချယ်လ်ဆီးအသင်းသည် အသွားအပြန်လေယာဉ်ခရီးသာ စီစဉ်ပေးထားခြင်းဖြစ်ပြီး ချယ်လ်ဆီးပရိသတ်များအနေဖြင့် ပွဲလက်မှတ်ကို ထပ်မံဝယ်ယူရမည့်အပြင် ကိုဗစ်စမ်းသပ်မှုများအတွက်လည်း မိမိဘာ သာမိမိ ထပ်မံပေးချေရမည်ဖြစ်ကြောင်း သိရှိရသည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်မည့် ပရိသတ်များသည် UEFA ၏ စည်းကမ်းသတ်မှတ်ချက်များအတိုင်း ကွင်းအတွင်းသို့မဝင်မီ (၇၂)နာရီနှင့် (၄၈)နာရီအတွင်း စမ်းသပ်စစ်ဆေးမှု (၂)ကြိမ်ပြုလုပ်ရမည်ဖြစ်ပြီး Negative ပြမှသာ ကွင်းအတွင်းသို့ ဝင်ရောက်ခွင့်ရှိမည် ဖြစ်သည်။

မန်စီးတီးအသင်းမှာ ၎င်းတို့၏ပရိသတ်များအား ပေါ်တူဂီနိုင်ငံသို့ အသွားအပြန် လေယာဉ်ခရီးစဉ်အတွက် အခမဲ့ပို့ဆောင်ပေးသလို၊ ကိုဗစ် စမ်းသပ်စစ်ဆေးမှုများအတွက်လည်း အကုန်အကျခံပေးမည် ဖြစ်ကြောင်း သိရှိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular