မန်စီးတီးအသင်းသည် မေလ ၂၉ ရက် တွင် ချယ်လ်ဆီးအသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲဗိုလ်လုပွဲတွင် အနိုင်ယူကာ အသင်းအတွက် ပထမဆုံးဥရောပဖလား ဆွတ်ခူးနိုင်ရန် အသင့်ရှိနေပြီဟု နည်းပြ ဂွါဒီယိုလာက ကြုံးဝါးခဲ့သည်။
ဂွါဒီယိုလာကိုယ်တိုင်မှာလည်း ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ် ၂၀၁၀-၁၁ ရာသီက ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးရယူခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုကြာ ယင်း အောင်မြင်မှုနှင့် ဝေးကွာနေခြင်းဖြစ်သည်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ပြည်တွင်းမီဒီယာအချို့နှင့် ပွဲကြိုတွေ့ဆုံမှုတွင် ဂွါဒီယိုလာက “သူတို့(ချယ်လ်ဆီး)လည်း အသင့်ရှိနေမှာပါ။ သူတို့ ဘယ်လောက်ကောင်းသလဲဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်ကို သူတို့ အနိုင်ယူထားတုန်းကလိုပဲ လေ့ကျင့်ရေးအစီအစဉ်တွေကလည်း တစ်ခု၊ နှစ်ခုတောင် အပြောင်းအလဲ မရှိခဲ့ပါဘူး။ သူတို့ထဲက အများစုကို ကျွန်တော် နှစ်ပေါင်းများစွာ သိခဲ့ပါတယ်။ ပွဲထွက် Line-up အတွက် စိတ်ကူးပဲ ရှိသေးပြီး အပြီးသတ်မဖြစ်သေးပါဘူး။ ဗိုလ်လုပွဲကို တက်လှမ်းနိုင်တာဟာ လုံးဝကျေနပ်စရာပါ။ ဒါပေမဲ့ စိတ်ဆန္ဒပြင်းပြမှုမရှိရင် အနိုင်ရဖို့ မလွယ်ဘူးဆိုတာ ကျွန်တော်တို့ သိပါ တယ်။ စိတ်ဆန္ဒပြင်းပြမှုအတွက် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်း သိပါတယ်”ဟု ပြောကြားခဲ့သည်။
မန်စီးတီး အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ဖလားနှင့် လိဂ်ဖလား ရယူထားခဲ့သည်။