spot_img

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

ချယ်လ်ဆီး နှင့် ရီးယဲလ်မက်ဒရစ် (၆-၅-၂၀၂၁ နံနက် ၁:၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်ရဲ့အကောင်းဆုံးအချိန်ဟုတ်မနေဘူးဆိုရင်တောင် ဘာနေဗျူးမှာ ယူခဲ့တဲ့ရလဒ်၊ ကစားခဲ့တဲ့ ခြေစွမ်းတွေအရ ချယ်လ်ဆီးရဲ့ပထမအကျော့အနေအထားဟာ ချီးကျူးစရာကောင်းပါတယ်။ လက်ရှိအချိန်မှာလည်း ချယ်လ်ဆီးရဲ့ရလဒ်နဲ့ ခြေစွမ်းပိုင်းက ပိုတည်ငြိမ်တယ်လို့ဆိုနိုင်ပြီး တူဟယ်လ်လက်ထက် ချယ်လ်ဆီးရဲ့ခံစစ်က ပရီးမီးယားလိဂ်မှာတင်မဟုတ်ဘဲ ချန်ပီယံလိဂ်မှာပါ အထင်ကြီးစရာပုံစံဖြစ်တယ်။ အက်သလက်တီကိုမက်ဒရစ်ကို ကျော်ဖြတ်ခဲ့တာ ထိုက်တန်သလို၊ ရီးယဲလ်မက်ဒရစ်ကိုလည်း ထိုက်ထိုက်တန်တန်ကျော်ဖြတ်နိုင်တဲ့အနေအထားမှာ ရှိနေတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ အတွေ့အကြုံတစ်ခုပဲ အဓိကအားပြုရမှာဖြစ်ပြီး ကရို့စ်-ကက်စီမီရို-မိုဒရစ်တို့ ကွင်းလယ်ကို ကွန်တေဦးဆောင်ပြီး ယှဉ်ကစားသွားတာမျိုး၊ ရီးယဲလ်မက်ဒရစ်ရဲ့ Rhythm ကို ကွန်တေဖျက်ဆီးသွားတာမျိုး မဖြစ်အောင် ဂရုစိုက်ရမှာဖြစ်တယ်။ တိုက်စစ်ပိုင်းမှာ ဘန်ဇီမာရဲ့ အတွေ့အကြုံ၊ အရည်အသွေး၊ အဆုံးသတ်စွမ်းရည်တွေက ချယ်လ်ဆီးခံစစ်ကို တစ်ချိန်လုံး ခြိမ်းခြောက်နေမှာဖြစ်ပြီး ချယ်လ်ဆီးအားသာတာကတော့ ဇီဒန်းရဲ့အသင်းကို ထိန်းချုပ်ဖို့၊ ယှဉ်ကစားဖို့အတွက် အရန်အင်အားအလုံအလောက်နဲ့ ကစားသမားတွေကြားက အရည်အသွေး တူညီနေခြင်း၊ လူငယ်တွေရဲ့အားနဲ့ ရီးယဲလ်မက်ဒရစ်ထက် ကစားအားပိုကောင်းခြင်းတို့ဖြစ်တယ်။ ဗာနာက ပထမအကျော့ပွဲမှာ ရှက်စရာကောင်းတဲ့ လွဲချော်မှုဖြစ်ခဲ့သလို၊ ဒီရာသီမှာဂိုးကို ဂိုးရမယ့် အပိုင်အခွင့်အရေးတွေ ဖြုန်းတီးခဲ့တာအများကြီးပါ။ ဒါပေမဲ့ တိုက်စစ် Shape အတွက်တော့ အားကိုးရတယ်။ ဂိုးတွေသွင်းလာတဲ့ ဟာဗက်ဇ်ကလည်း ရီးယဲလ်ကို ဒုက္ခပေးနိုင်မယ့်သူမျိုးပါ။ ချယ်လ်ဆီးကို ကြိုက်တယ်။

myan789
  • ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်း နောက်ဆုံး (၁၂)ပွဲတွင် (၃)ပွဲသာအနိုင်ရရှိခဲ့သလို၊ (၃)ပွဲရှုံးနိမ့်ခဲ့ပြီး ထူးခြားသည်မှာ ရှုံးနိမ့်သည့် (၃)ပွဲစလုံး ဂိုးမသွင်းနိုင်ခဲ့ချေ။
  • ရီးယဲလ်မက်ဒရစ်အသင်း၏ ချန်ပီယံလိဂ်နောက်ဆုံး (၈)ပွဲတွင် (၆)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။
  • ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်အဝေးကွင်း နောက်ဆုံး (၆)ပွဲတွင် (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံးနိမ့်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular