မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချန်ပီယံဆုအတွက် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိ သေးပြီး ရာသီပိတ်ပွဲစဉ်တွင် အက်စတွန်ဗီလာအသင်းကို အနိုင်ကစားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် တနင်္ဂနွေနေ့က ဝက်စ်ဟမ်းနှင့် နှစ်ဂိုးစီ သရေကျခဲ့သဖြင့် ရာသီပိတ်ပွဲစဉ်တွင် ဗီလာအသင်းအား အိမ်ကွင်း၌ မဖြစ်မနေ အနိုင်ကစားရန် လိုအပ်နေသည်။
”တစ်ခုတော့ ခင်ဗျားကို ကျွန်တော် အာမခံနိုင်တယ်။ အဲဒါက ချန်ပီယံဖြစ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ အစွမ်းကုန်ကြိုးစားသွားမယ် ဆိုတာပါပဲ။ အိမ်ကွင်းက ကိုယ့်ပရိသတ်တွေရဲ့အရှေ့မှာ ချန်ပီယံဖြစ်ခွင့်ရတာက မယုံနိုင်စရာအခွင့်အရေးတစ်ရပ်ပါ။ အဲဒီလို ဖြစ်ဖို့လည်း ကျွန်တော် မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ နှစ်ရက်လောက် အနားယူပြီးရင် ဗီလာပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရပါမယ်။ ဒါပေမဲ့ အပြုသဘောဆောင်တဲ့အချက်က ကိုယ့်ရဲ့လက်ထဲမှာရှိနေသေးတာပါ။ အခုအချိန်မှာ ဂိုးကွာခြားမှုအကြောင်းအပြင် တခြားအကြောင်းတွေကိုပါ ငြင်းခုန်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံဖြစ်ဖို့အတွက် ကိုယ့်ရဲ့ပွဲကို အနိုင်ကစားဖို့လိုပါတယ်။ ကျွန်တော်တို့ အနိုင်မရဘူးဆိုရင် လီဗာပူးလ်က ချန်ပီယံဖြစ်သွားမှာပါ” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့ပွဲစဉ်အပြီးတွင် မန်စီးတီးက ဒုတိယနေရာမှ လီဗာပူးလ်အား တစ်ပွဲပို၊ လေးမှတ်အသာ၊ ဂိုးကွာခြားမှု ခုနစ်ဂိုးအသာရထားသည်။
ေဆာက်သမ်တန်ကို လီဗာပူးလ် အနိုင်ရပါက ရမှတ်ကွာဟမှုမှာ တစ်မှတ်သာရှိတော့မည်ဖြစ်သည်။