spot_img

ခံစစ်ကစားပုံ အများကြီး တိုးတက်ဖို့ လိုအပ်နေတဲ့ လီဗာပူးစတားကို ပြောပြလိုက်တဲ့ စတီဗီနစ်ကိုး

အလက်ဇန်းဒါးအာနိုးဟာ လီဗာပူး အသင်းမှာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်း နေရတယ်လို့ စတီဗီနစ်ကိုးက ပြောသွားခဲ့ပြီး အသက် ၂၂ နှစ် အရွယ် ကစားသမား အနေနဲ့ ပြီးပြည့်စုံတဲ့ ကစားသမား တစ်ဦး ဖြစ်လာဖို့ အတွက် ခံစစ် ကစားပုံ အများကြီး တိုးတက်အောင် လုပ်ဆောင် သွားရလိမ့်မယ်လို့ မှတ်ချက် ပေးသွား ခဲ့ပါတယ်။ အလက်ဇန်းဒါးအာနိုးဟာ ယာဂန်ကလော့ရဲ့ မြေတောင်မြှောက်ပေးမှုနဲ့ အတူ ကာလတို အတွင်းမှာ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး ဖြစ်လာ ခဲ့သူ ဖြစ်ပါတယ်။

အသက်၂၂ နှစ်သာ ရှိနေသေးပေမယ့် အလက်ဇန်းဒါးအာနိုးဟာ လီဗာပူး အတွက် ပွဲပေါင်း ၁၅၀ ကျော် ကစားပေးထားပြီး ဖြစ်တဲ့ အပြင် အင်္ဂလန် လက်ရွေးစင် အသင်း အတွက်လည်း ၁၂ ပွဲ ကစား ထားပေး ခဲ့ပါတယ်။ ၎င်းဟာ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၊ ချန်ပီယံလိဂ်ဖလား ၊ စူပါဖလား ၊ ကလပ်ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ အဖြစ် ယူဆထားခြင်း ခံရသူ ဖြစ်ပါတယ်။

myan789

အလက်ဇန်းဒါးအာနိုးရဲ့ တိုက်စစ်ကို လိုက်ပါပံ့ပိုးပေးမှုဟာ ဘယ်တုန်းကမှ သံသယ ဖြစ်စရာ မရှိခဲ့ဘဲ အင်္ဂလန် စတားဟာ အသင်းဖော်တွေ အတွက် စုစုပေါင်း ၃၉ ဂိုးဖန်တီးမှု လုပ်ထားခဲ့ ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ ခံစစ် ကစားဟန် ကတော့ လူတွေကို အမြဲတမ်း သံသယ ဖြစ်နေ စေခဲ့ပါတယ်။

လီဗာပူး စတားဟာ ဒဏ်ရာ ကနေ ပြန်လာပြီးနောက် နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပြဖို့ ရုန်းကန် နေရပြီး ဆောက်သမ်တန်ကို ၁-၀ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ်မှာလည်း အဆိုပါ သွင်းဂိုးမှာ အမှားအယွင်း ကျူးလွန်ခဲ့ ပါတယ်။ လီဗာပူး နောက်ခံလူဟောင်း နစ်ကိုး ကတော့ ဒီဧရိယာတွေဟာ အလက်ဇန်းဒါးအာနိုး ကြိုးစား သွားရမယ့် အရာတွေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

နစ်ကိုးက “သူဟာ ခံစစ် ကစားပုံမှာ သေချာပေါက် တိုးတက်အောင် လုပ်သွား ရလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ မေးခွန်း ထုတ်စရာ မရှိပါဘူး။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ တိုက်စစ်ကို လိုက်ပါ ပံ့ပိုးတဲ့ နေရာမှာ သူ့အတွက် ခက်ခဲမှုတွေ ရှိခဲ့ပါတယ်။ သူဟာ ပုံမှန်အားဖြင့် ဘောလုံးကို ပင်နယ်တီ ဧရိယာထဲ ထည့်ဖို့ အတွက် နေရာလွတ်တွေ ရလေ့ ရှိပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေရဲ့ ခံစစ် အသားပေး ကစားဟန် အရ နှစ်သင်းပေါင်း လိုက်ရင် လူ ၁၄ ယောက်လောက် ရှိနေတဲ့ ပင်နယ်တီ ဧရိယာ ထဲကို ဘောလုံး ပေးပို့ရတာကြောင့် မထိရောက်ဘဲ ဖြစ်နေ ခဲ့တာပါ။

ဒါဟာ တိုက်စစ်ကို ပံ့ပိုးတဲ့ နေရာမှာ သူ့အတွက် အခက်အခဲတွေ ဖြစ်စေပါတယ်။ ခံစစ် ကစားပုံ ကတော့ မေးခွန်းထုတ်စရာ မရှိပါဘူး။ သူဟာ ဒီအပိုင်းမှာ အများကြီးကို တိုးတက်အောင် လုပ်သွား ရမှာပါ။” လို့ ဆိုလိုက် ပါတယ်။

အင်္ဂလန် ဂိုးသမားဟောင်း ဖြစ်သူ ဒေးဗစ်ဂျိမ်းက နည်းပြ ယာဂန်ကလော့ အနေနဲ့ ဒီရာသီ လီဗာပူး အသင်း အတွက် ခြေစွမ်းပြရန် ရုန်းကန် နေရတဲ့ နောက်ခံလူ အလက်ဇန်းဒါးအာနိုးကို ပွဲထွက် ကစားသမား စာရင်းကနေ ချန်လှပ်ထားရမယ့် အချိန် ကျရောက်လာပြီလို့ ဆိုလိုက် ပါတယ်။

ဂျိမ်းက “ကျွန်တော်ဟာ ကစားသမား တစ်ဦးကို အကြောင်းအရင်း မရှိဘဲ ဝေဖန်လေ့ မရှိပါဘူး။ ဒါပေမယ့် သူဟာ ဆောက်သမ်တန်နဲ့ ပွဲမှာ ဘောလုံး မှားပေးမှု ၃၈ ကြိမ်ထိ ရှိခဲ့ပြီး ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ် ကစားသမားတွေ ကြားမှာ အများဆုံး စံချိန် ဖြစ်ပါတယ်။ သူဟာ အသက် ငယ်ငယ်လေးနဲ့ လီဗာပူး အသင်းကြီးမှာ ကစားခွင့် ရခဲ့သလို ချီးကျူးမှုတွေ အများကြီး ရခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ်ဖလား ၊ စူပါဖလား ၊ ကလပ်ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့တဲ့ လီဗာပူးရဲ့ အောင်မြင်မှုဟာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။

သူဟာ ညံ့ဖျင်းတဲ့ ကစားတစ်ဦး မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူဟာ အကောင်းဆုံး ပုံစံနဲ့ ကစားနိုင်ခြင်း မရှိပါဘူး။ သူဟာ ဒီရာသီ အစပိုင်းမှာ ဒဏ်ရာ ပြသနာလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လူငယ် ကစားသမား တစ်ဦးပဲ ရှိနေပါသေးတယ်။ သူတို့ ပုံစံကောင်း ပျောက်တဲ့ အချိန် တစ်ချို့လည်း ရှိလာမှာပါ။ ကံမကောင်းစွာနဲ့ ထရန့်ဟာ ဒီအချိန်မှာ အနည်းငယ် ပုံစံကောင်း ပျောက်ဆုံး နေတဲ့ ကာလကို ဖြတ်သန်း နေရပါတယ်။

ပြီးခဲ့တဲ့ ဒဏ်ရာ ပြသနာ ကလည်း သူ့ကို ဒီလို ဖြစ်နေစေတဲ့ အကြောင်းရင်း တစ်ခု ပါပဲ။ သူဟာ စိတ်ပိုင်းဆိုင်ရာ အရ ဒီကနေ အပြည့်အ၀ recover မဖြစ်သေးဘူးလို့ ထင်ပါတယ်။ သူ့ရဲ့ ပုံမှန် ဘဝကို ပြန်မရသေးပါဘူး။ သူဟာ ပုံစံကောင်း ပျောက်တဲ့ အချိန်တွေ သေချာပေါက် ရှိလာမယ့် လူငယ် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ကိုယ်မလိုချင်တဲ့ အရာကတော့ ဒီပုံစံကောင်း ပျောက်ဆုံးမှုဟာ အသင်းရဲ့ ရလဒ်တွေကို ထိခိုက်မှု ရှိစေခြင်း ပါပဲ။

ဆောက်သမ်တန်နဲ့ ပွဲမှာ ဒါဟာ အရှုံးကို ဖြစ်သွားစေ ခဲ့ပါတယ်။ အမှန်တကယ်တော့ ထရန့်ဟာ ဒီဘောလုံးကို အဝေးကန်ထုတ် ပစ်ခဲ့သင့် ပါတယ်။ ဒါ့ကြောင့်လည်း ကလော့ဟာ ပုံစံကောင်း ပျောက်နေတဲ့ ထရန့်ကို လူစားလဲပစ် ခဲ့တာပါ။ လူတစ်ချို့ ကတော့ ဒါကို အံ့သြနေမှာပါ။ သူ့ကို အရမ်းကောင်းတဲ့ ကစားသမား တစ်ဦး ပြန်ဖြစ်လာဖို့ အတွက် အချိန် အနည်းငယ် ပေးသင့်ပါတယ်။ ထရန့် အနေနဲ့ break အနည်းငယ် လိုနေပါတယ်။” လို့ ဆိုလိုက် ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular