spot_img

ခရစ္စမတ်နေ့တွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံး ရပ်တည်နိုင်သည့် ယခင်သုံးကြိမ်စလုံး အာဆင်နယ်အသင်း ဗိုလ်စွဲခြင်းမရှိဟု မှတ်တမ်းများဖော်ပြ

အာဆင်နယ်အသင်းသည် Boxing Day မတိုင်မီ ခရစ္စမတ်နေ့တွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးရပ်တည်နိုင်သည့် ယခင် သုံးကြိမ်စလုံး ဗိုလ်စွဲနိုင်ခြင်းမရှိကြောင်း မှတ်တမ်းများက ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်အဖြစ် ပြောင်းလဲပြီးနောက် အမှတ်ပေးချန်ပီယံဖလားကို ၁၉၉၇-၉၈၊ ၂၀၀၁-၀၂၊ ၂၀၀၃- ၀၄ ရာသီများက သုံးကြိမ်တိုင်ဆွတ်ခူးခဲ့သော်လည်း ယင်းရာသီများ၌ ခရစ္စမတ်ကာလတွင် ထိပ်ဆုံးတွင်မရှိခဲ့ကြောင်း သိရ သည်။ 

myan789

အာဆင်နယ်အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီကလည်း ခရစ္စမတ်နေ့အပါအဝင် ရာသီတွင်း ရက်သတ္တပတ်များစွာ ဦးဆောင်ပြီးမှ   မန်စီးတီးအသင်း၏ ကျော်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ၂၀၀၂-၀၃ နှင့် ၂၀၀၇-၀၈ ရာသီများတွင် ခရစ္စမတ်နေ့ ၌ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သော်လည်း အဆုံးသတ်တွင် မန်ယူအသင်းက ကျော်ဖြတ်ကာ ချန်ပီယံဖြစ်ခဲ့သည်။ 

ပရီးမီးယားလိဂ် သက်တမ်း ၃၂ နှစ်အတွင်း ခရစ္စမတ်နေ့တွင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်သည့်အသင်းပေါင်းမှာ ၁၁ သင်းသာ ရှိခဲ့သည်။ ပရီးမီးယားလိဂ်ရာသီများတွင်  ခရစ္စမတ်နေ့သည် ပွဲစဉ် ၁၇ နှင့် ၁၉ ကြားတွင် ပုံမှန်ကျရောက်လေ့ရှိသော်လည်း ၂၀၂၀- ၂၁ ရာသီမှာ COVID-19 ကပ်ရောဂါရိုက်ခတ်မှုကြောင့် ရာသီစချိန် နောက်ကျခဲ့ကာ ပြီးခဲ့သည့်ရာသီ၌လည်း ၂၀၂၂ ကာတာကမ္ဘာ့ဖလားပွဲကြောင့် လိဂ်ပွဲစဉ်များ ရပ်ဆိုင်းထားခဲ့ရကာ Boxing Day နေ့မှ ပြန်လည်ကစားခဲ့ခြင်းဖြစ်သည်။ 

အစဉ်အလာအရ ခရစ္စမတ်နေ့တွင် ဦးဆောင်နိုင်သည့် အသင်းမှာ ရာသီကုန် ချန်ပီယံဖြစ်မဖြစ်မှာ ၅၀-၅၀ အနေအထားသာရှိသည်။ ခရစ္စမတ်နေ့၌ ဇယားထိပ်ဆုံးတွင် ဦးဆောင်နိုင်သည့်အသင်းက ရာသီကုန် အမှတ်ပေးချန်ပီယံဖြစ်မှုမှာ ၁၆ ကြိမ်သာ ရှိခဲ့ပြီး ချန်ပီယံဆုနှင့် လွဲချော်မှုမှာ ၁၅ ကြိမ်အထိရှိသောကြောင့် မျှခြေနီးပါးဖြစ်နေသည်။  

မန်ယူနှင့် ချယ်လ်ဆီးအသင်းမှာ ခရစ္စမတ်နေ့တွင် ဦးဆောင်ပြီးနောက် ချန်ပီယံအများဆုံး ဖြစ်သည့် အသင်းများအဖြစ် ငါးကြိမ်စီ ဗိုလ်စွဲခဲ့သည်။ ခရစ္စမတ်နေ့တွင် ထိပ်ဆုံး၌ ရှိနေသော်လည်း ရာသီကုန် ချန်ပီယံမဖြစ်သည့် အကြိမ်အများဆုံးအသင်းမှာ လီဗာပူးလ်အသင်းဖြစ်ပြီး ငါးကြိမ်လွဲချော်ခဲ့ကာ တစ်ကြိမ်သာ ဗိုလ်စွဲခဲ့သည်။ 

လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် အမှတ်ပေးချန်ပီယံ ခုနစ်ကြိမ် ဖြစ်ခဲ့ရာတွင် သုံးကြိမ်သာ ခရစ္စမတ်နေ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular