spot_img

ခရစ္စတယ်ပဲလေ့စ်အသင်းထံ ပေါင်သန်း ၃၀ နဲ့ပြောင်းရွှေ့တော့မယ့် အန်ကီတီးယား

အာဆင်နယ်အသင်းတိုက်စစ်မှူး အန်ကီတီးယားတစ်ယောက် ခရစ္စတယ်ပဲလေ့စ်အသင်းထံ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ခဲ့ပြီးနောက် အန်ကီတီးယားဟာ အခုအပတ်မှာပဲ ပဲလေ့စ်နဲ့ ဆေးစစ်မှုခံယူမှာဖြစ်ပါတယ်။

myan789

ရိုမာနိုရဲ့အဆိုအရ ပဲလေ့စ်ဟာ အင်္ဂလန်သားအတွက် ပေါင် ၂၅ သန်း + အပိုဆုကြေးပေါင် ၅ သန်းထပ်ဆောင်းပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းတွေအရ အာဆင်နယ်ဟာ အန်ကီတီးယားကို အငှားထက် အပြီးသတ်သာရောင်းချချင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်သားဟာ ၂၀၁၉ – ၂၀ ရာသီတုန်းက လိဒ်ယူနိုက်တက်မှာ အငှားထွက်ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာ ၂ သင်းကြား အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီဖြစ်တာကြောင့် ဆေးစစ်မှုခံယူတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အန်ကီတီးယားဟာ ပဲလေ့စ်အသင်းရဲ့ ၄ ယောက်မြောက်ခေါ်ယူမှုဖြစ်လာခဲ့ပြီး သူ့မတိုင်ခင် ပဲလေ့စ်ဟာ ဆား ၊ ရိတ်ဒ် နဲ့ ကာမာဒါတို့ကိုခေါ်ယူထားခဲ့ပါတယ်။

Eddie Nketiah is set to move to Crystal Palace for £30m.

ရာသီသစ်မှာတော့ ပဲလေ့စ်ဟာ အစမကောင်းသေးပဲ ဘရန့်ဖို့ဒ် နဲ့ ဝက်စ်ဟမ်းတို့ကို အရေးနိမ့်ထားခဲ့ပါတယ်။ အင်္ဂလန်သားဟာ အာဆင်နယ်အသင်းမှာ ၉ နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ထွက်ခွာခဲ့တာဖြစ်ပါတယ်။

အန်ကီတီးယားဟာ ချဲလ်ဆီးအသင်းအကယ်ဒမီကနေ အသက် ၁၆ နှစ်တုန်းက ပြောင်းလာခဲ့တာဖြစ်ပြီး အာဆင်နယ်အတွက် စီနီယာကစားသမားဘ၀ ၁၆၈ ပွဲအထိ ပါဝင်ကစားခဲ့ကာ ၃၈ ဂိုးသွင်း ၊ ၇ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်နဲ့အတူ ၂၀၂၀ တုန်းက အက်ဖ်အေဖလား ၃ လုံးရယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားကို အခုနွေရာသီမှာ အသင်းတော်တော်များများက ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး မာဆေးလ် ၊ နော်တင်ဟမ်ဖောရက်စ်တို့က ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular