spot_img

ကွန်တီနှင့် ပြဿနာဖြစ်ပွားခဲ့ပြီးနောက် အင်တာမီလန်အသင်းမှ လော်တာရိုမာတီနက်ဇ် ထွက်ခွာမည်ဆိုသည့် သတင်းများထွက်ပေါ်လာ

အင်တာမီလန်အသင်း၏ အာဂျင်တီးနားလူငယ်ကြယ်ပွင့်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် ရိုးမားအသင်းကို အနိုင်ရရှိခဲ့သည့် စီးရီးအေပွဲစဉ်တွင် အသင်းနည်းပြ အန်တိုနီယိုကွန်တီနှင့် ပြဿနာဖြစ်ခဲ့ပြီးနောက် အသင်းမှထွက်ခွာတော့မည် ဆိုသည့်သတင်းများ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရသည်။

လော်တာရိုမာတီနက်ဇ်သည် ဘာစီလိုနာအသင်းနှင့် မန်စီးတီးအသင်းတို့၏ စိတ်ဝင်စားခြင်းကိုခံနေသူဖြစ်ပြီး ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလကမူ အင်တာမီလန်အသင်းက ရောင်းထုတ်မည်မဟုတ်ဟု ဆိုခဲ့ဖူးသည်။

myan789

သို့ရာတွင် ယခုအချိန်တွင်မူ ကစားသမားနှင့် နည်းပြအကြား တင်းမာမှုက လော်တာရိုမာတီနက်ဇ်ကို အသင်းမှ ထွက်ခွာရန်အခြေအနေ ဖြစ်ပေါ်လာစေပြီး လော်တာရိုမာတီ နက်ဇ်ကိုယ်တိုင်ကလည်း အသင်းတွင် အရေးပါမှု လျော့ပါးလာခြင်းအတွက် ထွက်ခွာရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အင်တာမီလန်အသင်းက ရိုးမားအသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲချိန်အတွင်းတွင် ကွန်တီက လော်တာရိုကို လူစားလဲရန် ဆုံးဖြတ်ခဲ့ရာ ၎င်းသည် စိတ်ဆိုးဒေါသထွက်ခဲ့ပြီး အရန်ခုံတန်းသို့ ပြန်ရာတွင် မြက်ခင်းပေါ်ရှိ ရေဘူးကို ခြေထောက်ဖြင့် ကန်ခဲ့သည်။

ယင်းအတွက်ကြောင့် ကွန်တီကလည်း လော်တာရိုမာတီနက်ဇ်၏ တုံ့ပြန်မှုကို ဒေါသထွက်ကာ “လေးစားမှုရှိစမ်းပါ။ မင်းဘယ်သူ့ကို ဒေါသထွက်နေတာလဲ”ဟု အော်ဟစ်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular