spot_img

ကွန်တီကို နည်းပြအဖြစ် ခန့်အပ်ရန် နယ်သာလန်ဘောလုံးအဖွဲ့ချုပ် ဆန္ဒရှိနေပြီး ကွန်တီကမူ ကလပ်အသင်းနည်းပြအလုပ်ကိုစောင့်နေ

ဂျူဗင်တပ်စ်၊ ချယ်လ်ဆီးနှင့် အင်တာမီလန်အသင်းတို့ကိုအမှတ် ပေးချန်ပီယံဖလားများ ရယူပေးခဲ့သည့် အီတလီနာမည်ကြီးနည်းပြ ကွန်တီအား နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က အသင်းနည်းပြ ရာထူးအတွက် ခန့်အပ်ရန် ဆန္ဒရှိနေပြီး၊ ကွန် တီကမူ ကလပ်အသင်းနည်းပြ ရာထူးကိုသာ စောင့်မျှော်လျက်ရှိသည်ဟု အီတလီမီဒီယာများက ဖော်ပြလျက်ရှိသည်။

ကွန်တီသည် လက်ရွေးစင်နည်းပြရာထူးအား ယူရို-၂၀၁၆ ပြိုင်ပွဲကာလတွင် ဆောင်ရွက်ခဲ့ဖူးပြီး ထိုအချိန်က အီတလီအသင်းသည် ယူရိုပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ခဲ့ဖူးသည်။

myan789

ယင်းနောက် ချယ်လ်ဆီးနှင့် အင်တာမီလန်အသင်းများတွင် နည်းပြတာဝန်ကို ဆောင်ရွက်ခဲ့ပြီးအောင်မြင်မှုများလည်း ရယူ နိုင်ခဲ့သည်။

နယ်သာလန်ဘောလုံးအ ဖွဲ့ချုပ်သည် လက်ရှိအချိန်တွင် လက်ရွေးစင်အသင်းနည်းပြ ရာထူးအတွက် ရှာဖွေလျက်ရှိရာ ဝါရင့်နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်ကို ပြန်လည်ခန့်အပ်ရန် စီစဉ်ခဲ့သည်။

သို့ရာတွင် ဗန်ဒိုက်အပါအဝင် နယ်သာလန်ဝါရင့်ကစားသမားများသည် ယင်းရာထူးအတွက် ဗန်ဟားလ်ကို အလိုမရှိဖြစ်နေရာ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်သည် အခက်တွေ့လျက်ရှိပြီး ကွန်တီကို စိတ်ဝင်စားလာခဲ့ခြင်းလည်း ဖြစ်သည်။

အီတလီနာမည်ကြီး ဂျာနယ်လစ်တစ်ဦးဖြစ်သူ ပစ္စတိုခီက နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က ကွန်တီကို နည်းပြအဖြစ် ခန့်အပ်ရန် ချဉ်းကပ်နေသည့်သတင်းကို အတည်ပြုခဲ့ပြီး အနည်းဆုံး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူရို-၂၀၂၄ ပြိုင်ပွဲတို့ကို ကိုင်တွယ်ပေးစေလိုနေကြောင်း သိရှိရသည်။

သို့ရာတွင် ကွန်တီကမူ ယင်းရာထူးအတွက် မစဉ်းစားသေးဘဲ ကလပ်အသင်းနည်းပြရာထူးကိုသာ စောင့်နေသည်ဟု သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular