သတင်းတွေအရ အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်တစ်ယောက် နော်ဝေရဲ့မှတ်ပုံတင်ပြဇယားထဲမှာ လက်ထပ်ထားသူအဖြစ် ပြောင်းလဲခဲ့ပြီလို့ သိရပါတယ်။ နော်ဝေသားဟာ လက်ရှိမှာဒဏ်ရာရရှိနေတာကြောင့် အနားယူနေရတာဖြစ်ပြီး လက်ထပ်ပွဲကို လူသိမခံချင်တာကြောင့် တိတ်တဆိတ်လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ်သတင်းတွေအရ အိုဒီဂတ်ရဲ့ဇနီးသည်ဟာ သူမနာမည်ကို ဟယ်လန်နီစပီးလင်းအိုဒီဂတ်လို့ ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်ပရိသတ်တွေ နဲ့ အခြားအသင်းပရိသတ်တွေကတော့ အသက် ၂၅ နှစ်သားရဲ့လက်ထပ်ပွဲနဲ့ပတ်သက်ပြီး ဝမ်းသာနေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ အခုရာသီသစ်မှာ ထိပ်ဆုံးနေရာက လီဗာပူးနဲ့ ၇ မှတ်အထိ ကွာဟနေပါတယ်။
အာဆင်နယ်ဟာ အိုဒီဂတ်မပါဝင်နိုင်တာကြောင့် ရုန်းကန်နေရပြီး တစ်ပွဲဂိုးရနှုန်း ၁.၆% သာရှိနေပါတယ်။ အိုဒီဂတ်ပါဝင်နိုင်ချိန်မှာတော့ အာဆင်နယ်ရဲ့ဂိုးရနှုန်းက ၂.၁% အထိရှိနေပါတယ်။ အိုဒီဂတ်တစ်ယောက်မကြာခင်မှာ အာဆင်နယ်အသင်းနဲ့အတူ ပြန်လာနိုင်တော့မှာဖြစ်ပြီး လာမယ့်နိုင်ငံတကာရက်သတ္တပတ်မှာ အနားယူဖို့ ပြင်ဆင်နေပါတယ်။
အာဆင်နယ်ဘက်ကလည်း လာမယ့်နိုင်ငံတကာရက်သတ္တပတ်မှာ အိုဒီဂတ်ကို အသင်းမှာပဲဆက်ထားဖို့ လုပ်ဆောင်နေပါတယ်။