spot_img

ကိုဗစ်ကူးစက်ခံရမှုမှ ပြန်ကောင်းရန် ထင်ထားသည်ထက် အချိန်ပိုယူရသည်ဟု မက်ဆီ ပြောကြား

PSG အသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ကိုဗစ်ကူးစက်ခံရခြင်းကြောင့် PSG အသင်းနှင့် ယခုအချိန်အထိ ပြန်လည် ပူးပေါင်းနိုင်ခြင်းမရှိသေးဘဲ ပြန်ကောင်းရန် ထင်ထားသည်ထက် အချိန်ပိုယူနေရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

မက်ဆီသည် နှစ်သစ်ကူးအားလပ်ရက်ကာလအဖြစ် အာဂျင်တီးနားသို့ ပြန်သွားခဲ့ပြီးနောက် ကိုဗစ်ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် အာဂျင်တီးနားနိုင်ငံတွင် ဆက်လက်နေထိုင်လျက်ရှိပြီး PSG အသင်း၏ ပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့ရသည်။

myan789

ယခုတစ်ပတ် ပြင်သစ်လီဂူးပွဲအတွက်လည်း အသင်းနှင့် ပြန် လည်ပူးပေါင်းခြင်းမရှိသေးသည့်အတွက် ပရိသတ်အချို့က လူမှုကွန်ရက်တွင် မေးခွန်းထုတ်ခဲ့ကြရာ မက်ဆီက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

မက်ဆီက “ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော် ကိုဗစ်ကူးစက်ခံခဲ့ရပြီး ခင်ဗျားတို့ပေးပို့တဲ့ မက်ဆေ့ချ်တွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီဗိုင်းရပ်စ်က ပျောက်ကင်းဖို့ ထင်ထားတာထက် ပိုကြာခဲ့ပါတယ်။ ဒါပေမဲ့ အခုပျောက်ကင်းလုနီးပါးဖြစ်နေပါပြီ။ ကျွန်တော်လည်း ဘောလုံးကွင်းထဲ ပြန်ဝင်ချင်နေပါပြီ။ ရာနှုန်းပြည့်ကောင်းမွန်သွားတာနဲ့ ကျွန်တော် လေ့ကျင့်မှု ပြန်လုပ်မှာပါ။ ဒီနှစ်က အလွန်လှပတဲ့ စိန်ခေါ်မှုတွေရှိနေပြီး ကျွန်တော်တို့ မကြာခင် ပြန်ဆုံတွေ့ဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

မက်ဆီသည် PSG အသင်းနှင့်အတူ ပြန်လည်ပူးပေါင်း၍ လေ့ကျင့်နိုင်ခြင်းမရှိသေးသော်လည်း ကြံ့ခိုင်မှုအတွက် နေအိမ်၌ လေ့ ကျင့်မှုပြုလုပ်နေကြောင်း သိရသည်။

သို့သော် မက်ဆီသည် PSG အသင်း၏ ပွဲစဉ်များကို လွဲချော်ခဲ့သလို၊ အာဂျင်တီးနားလက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲများကိုလည်း လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။ PSGအသင်းတာဝန်ရှိသူများက မက်ဆီ၏ ကြံ့ခိုင်မှုအခြေအနေ ရာနှုန်းပြည့်ကောင်းမွန်မှသာ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular