spot_img

ကိုပါအမေရိက အုပ်စု (B)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အီကွေဒေါ – ပီရူး (မြန်မာစံတော်ချိန် ဇွန် ၂၄ ရက် နံနက် ၃:၃၀ နာရီ)
အီကွေဒေါ၊ ပီရူးနဲ့ ဗင်နီဇွဲလားအသင်းတို့က အုပ်စု(B)မှာ ဇယားအောက်ဆုံးနေရာ မရောက်ရှိရေးအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အီကွေဒေါအသင်းက လတ်တလော ရလဒ်ပိုင်း အနည်းငယ်ကျဆင်းသလိုဖြစ်နေပေမဲ့ ကစားသမားပိုင်း၊ အသင်းလိုက်ခြေစွမ်းချင်းယှဉ်ရင်တော့ ကျန်နှစ်သင်းထက် နှာတစ်ဖျားသာပါတယ်။ ပီရူးကတော့ ဂွါရဲရိုးမရှိတော့တဲ့ တိုက်စစ်ပိုင်းကို အစားထိုးဖို့ ခက်နေသလို၊ အသင်းရဲ့မာကျောမှုကလည်း အရင်ထက်စာရင် အများကြီးကျဆင်းသွားတာတွေ့ရတယ်။ အီကွေဒေါပဲ အနိုင်ရဖို့များတယ်။

ဘရာဇီးလ် – ကိုလံဘီယာ (မြန်မာစံတော်ချိန် ဇွန် ၂၄ ရက် နံနက် ၆:၃၀ နာရီ)
ဘရာဇီးလ်အသင်းက အုပ်စု(B)မှာ နောက်တစ်ဆင့်တက်ရောက်ထားပြီးဖြစ်လို့ ပထမနေရာအတွက်ပဲ ကစားရတော့မယ်။ အခုပွဲက ကိုလံဘီယာနဲ့ကစားရမှာဖြစ်လို့ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲအဖြစ် သတ်မှတ်နိုင်ပေမဲ့ လတ်တလောအနေအထားက အတော်လေးကွာပါတယ်။ ကိုလံဘီယာက နည်းပြ ရူဒါလက်ထဲမှာ စတင်တည်ဆောက်နေရဆဲ အဆင့်မှာသာရှိပြီး ကစားသမားပိုင်းကလည်း စမ်းသပ်နေရဆဲပါပဲ။ ရူဒါအနေနဲ့ တောင်အမေရိကဘောလုံးလောကမှာ နှစ်ပေါင်း(၂၀)ကျော် ကျင်လည်ထားတဲ့ ဝါရင့်နည်းပြတစ်ဦးဖြစ်ပြီး သူ့အသင်းမှာ အမေရိကအခြေစိုက်ကိုပဲ ပိုအားပြုသွားမယ့်ပုံပါပဲ။ ဘရာဇီးလ်နည်းပြ ထိထီကတော့ လက်ရှိခြေစွမ်းနဲ့ အုပ်စုအနေအထားအရ ပူပန်စရာမရှိလို့ အံ့အားသင့်ဖွယ်ကောင်းအောင် အပြောင်းအလဲတွေလုပ်ဆောင်နေတာ တွေ့ရတယ်။ တိုက်စစ်၊ ကွင်းလယ်နဲ့ နောက်တန်းအပြင် ဂိုးသမားနေရာကိုတောင် အယ်လစ်ဆန်နဲ့ အီဒါဆန်ကို တစ်လှည့်စီအသုံးပြုနေပြီး နေမာလောက်ပဲ ပွဲထွက်ခွင့်အတွက် အာမခံချက်ရှိသလို ဖြစ်နေတယ်။ ဘရာဇီးလ်အသင်း Clean Sheet စံချိန်ကို ဆက်ထိန်းပြီး နိုင်ပွဲဆက်ဦးမှာပါ။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular