ဥရုဂွေး – ချီလီ(မြန်မာစံတော်ချိန် ဇွန်လ ၂၂ ရက် နံနက် ၃း၃၀ နာရီ)
ဥရုဂွေးအသင်းက ကမ္တာ့ဖလားခြေစစ်ပွဲ နောက်ဆုံး(၅)ပွဲမှာ (၁)ပွဲသာနိုင်ပြီး (၄)ပွဲ နိုင်ပွဲပျောက်ခဲ့တယ်။ အနိုင်ရတဲ့ပွဲက ကိုလံဘီယာကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပြီး တိုက်စစ်မှာ ဆွာရက်ဇ်-ကာဗာနီအတွဲ ကစားခဲ့ပါတယ်။ နိုင်ပွဲ ပျောက်တဲ့
(၄)ပွဲက ဒီတိုက်စစ်အတွဲ အတူတကွမကစားနိုင်ခဲ့တဲ့ ပွဲတွေဖြစ်ပြီး ရလဒ်တွေကို ချိန်ထိုးကြည့်ရင် ဥရုဂွေးအသင်းအပေါ် ဒီကစားသမား(၂)ဦးရဲ့ လွှမ်းမိုးနိုင်စွမ်းက အတော်ကြီးမားတာတွေ့ရတယ်။ အသင်းလိုက်ချင်းယှဉ်ရင် ဒီနှစ်သင်းအကြား ကွာဟချက် သိပ်မရှိသလို၊ ချီလီကတောင် စုစည်းမှုပိုကောင်းသလို အနေအထားရှိတယ်။ ဒါပေမဲ့ ဥရုဂွေးအသင်းမှာ ပွဲအ ဖြေပြောင်းလဲနိုင်တဲ့ ကစားသမားအင်အား ပိုများပြီး ချီလီကတော့ အဓိကတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကိုတောင် ဒဏ်ရာကြောင့် လက်လွှတ်ထားရလို့ တိုက်စစ်ပိုင်းအားနည်းချက်ရှိတာ သိသာပါတယ်။ ချီလီအသင်းက ကိုပါအမေရိကပြိုင်ပွဲ နောက်ဆုံး(၃)ကြိမ်ဆက် အနိမ့်ဆုံး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပြီး (၂)ကြိမ်ဗိုလ်စွဲထားလို့ လတ်တလောအစဉ်အလာမှာတော့ ဥရုဂွေးထက် သာနေပေမဲ့ ဒီတစ်ပွဲတော့ အမြင့်ဆုံးသရေထက် ပိုမရနိုင်လောက်ပါဘူး။
အာဂျင်တီးနား – ပါရာဂွေး(မြန်မာစံတော်ချိန် ဇွန်လ ၂၂ ရက် နံနက် ၆း၃၀ နာရီ)
ပါရာဂွေးအနေနဲ့ နောက်ဆုံးကစားတဲ့ ပြိုင်ပွဲစုံ(၁၀)ပွဲမှာ ဘရာဇီးလ်တစ်သင်းတည်းကိုပဲ အရေးနိမ့်ခဲ့တဲ့အထိ ခြေတက်နေတာ တွေ့ရတယ်။ အန်ဟယ်ရိုမဲရိုး၊ အလေဟန်ဒရိုရိုမဲရိုးတို့ တောင်ပံတွေက အသင်းရဲ့အသက်သွေးကြောဖြစ်နေပြီး အာဂျင်တီးနား အတော်လေးသတိထားရမယ်ထင်တယ်။ အာဂျင်တီးနားပဲ နိုင်ဖို့များတယ်။