spot_img

ကိုပင်ဟေဂင်နှင့်ပွဲတွင် ဟော်လန်းအား အသုံးမပြုခဲ့ခြင်းမှာ ကစားသမားပင်ပန်းနေသဖြင့် အရဲမစွန့်လို၍ဖြစ်သည်ဟု ဂွါဒီယိုလာ ရှင်းလင်း

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကိုပင်ဟေဂင်အသင်းနှင့် ဂိုးမရှိသရေကျသည့်ပွဲတွင် အသင်းတိုက်စစ်မှူး ဟော်လန်းအား အသုံးမပြုခဲ့ခြင်းမှာ ကစားသမား ပင်ပန်းနွမ်းနေသဖြင့် မိမိအနေဖြင့် အရဲမစွန့်လို၍ဖြစ်ကြောင်း ပွဲအပြီးတွင် ရှင်းလင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် မန်စီးတီး (ဝ-၀) ကိုပင်ဟေဂင်ပွဲတွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အသင်းတိုက်စစ်မှူး ဟော်လန်းကို အရန်စာရင်း၌ ထည့်သွင်းခဲ့သော်လည်း အသုံးပြုခဲ့ခြင်းမရှိပေ။

myan789

ယင်းပွဲတွင် မန်စီးတီးနောက်ခံလူ ဆာဂျီယိုဂိုးမက်ဇ်မှာ ပွဲချိန်မိနစ် (၃၀)တွင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး မာရက်ဇ်မှာလည်း ပွဲချိန် (၂၅) မိနစ်တွင်ရရှိသည့် ပယ်နယ်တီကို ဝင်အောင်ကန်သွင်းနိုင်ခြင်းမရှိသည့်အတွက် ဂိုးမရှိသရေကျခဲ့ခြင်းဖြစ်သည်။

သို့သော် မန်စီးတီးအသင်းသည် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၄) အပြီးတွင် ရမှတ် (၁၀)မှတ်ဖြင့် ရှုံးထွက် (၁၆) သင်းအဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်သည်။

ဂွါဒီယိုလာအနေဖြင့် ယခုရာသီ မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၁၂) ပွဲတွင် ဂိုး(၂၀)သွင်းယူထားသူ ဟော်လန်းအား အသုံးမပြုခြင်းမှာ အောက်တိုဘာ (၁၆) ရက်တွင် ကစားရမည့် လီဗာပူးလ်နှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အတွက်ဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

သို့သော် ဂွါဒီယိုလာက ဟော်လန်း ပင်ပန်းနွမ်းနယ်နေသဖြင့် အရဲမစွန့်လို၍ အသုံးမပြုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဆောက်သမ်တန်နဲ့ပွဲမှာ ပွဲပြီးတဲ့အထိ သူ(ဟော်လန်း) ကစားခဲ့ရတယ်။ ဒါကြောင့် သူ အရမ်းမောပန်းနေပြီး အချိန်မီ ကြံ့ခိုင်မှုပြည့်ဝလာခြင်းမရှိပါဘူး။ ကိုပင်ဟေဂင်နဲ့ပွဲမှာ သူကြံ့ခိုင်မှုပြည့်ဝခြင်းမရှိတာကြောင့် အရဲမစွန့်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပွဲချိန် မိနစ်(၃၀)တွင် ဆာဂျီယိုဂိုးမက်ဇ် အနီကတ်ဖြင့် အထုတ်ခံရခြင်းကြောင့် ပွဲချိန် (၆၀) ကျော် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။ ထို့ကြောင့်လည်း ဂွါဒီယိုလာက ကိုပင်ဟေဂင်နှင့်ပွဲတွင် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည့်အတွက် အလွန်ခက်ခဲကြောင်းလည်း ဝန်ခံပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular