သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူး ကိန်းနေရာအတွက် ပစ်မှတ်ကစားသမား ၄ ဦးအထိ လျာထားတယ်လို့ သိရပါတယ်။ ဘိုင်ယန်ဟာ ၂၀၂၃ နွေရာသီတုန်းက တော့တင်ဟမ်စတား ကိန်းကို ယူရိုသန်း ၁၀၀ အထိ ပေးချေပြီးခေါ်ယူခဲ့တာဖြစ်ပါတယ်။
အဲ့နောက် ပွဲဦးထွက်ရာသီမှာတင် အင်္ဂလန်သားဟာ ပြိုင်ပွဲစုံ ၄၄ ဂိုးအထိ သွင်းယူကာ ရွှေဖိနပ်ဆုကိုရယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ကိန်းဟာ ၁၅ ပွဲသာကန်ထားရသေးပေမယ့် ၁၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆုဖလားအောင်မြင်မှုနဲ့တော့ ဝေးကွာနေဆဲဖြစ်သလို ပွဲကြီးတွေမှာ စွမ်းဆောင်ရည်ကျဆင်းနေတာက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိလာခဲ့ပြီဖြစ်တာကြောင့် မကြာခင်မှာ ဘိုင်ယန်အနေနဲ့ သူ့နေရာမှာ မဖြစ်မနေအစားထိုးရဖွယ်ရှိနေပါတယ်။ ဂျာမန်သတင်းဌာန Bild ရဲ့အဆိုအရ ဘိုင်ယန်ဟာ ကိန်းနေရာအတွက် ကစားသမား ၄ ဦးအထိ လျာထားတယ်လို့ သိရပါတယ်။
အဲ့ထဲမှာ ဖရန့်ဖတ်စတား အိုမာမာမွတ်ရှ် ၊ လိုက်ပ်ဇစ်စတား ဆက်စ်ကို ၊ အိုပန်ဒါ နဲ့ ဂရိုကီရက်စ်တို့ ပါဝင်နေပါတယ်။ စပို့တင်းစတား ဂရိုကီရက်စ်ကတော့ ခြေစွမ်းကောင်းတွေပြသနေပြီး ၆၇ ပွဲမှာ ၆၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
အဆိုပါစွမ်းဆောင်ရည်တွေကြောင့် ဘိုင်ယန်က စိတ်ဝင်စားနေသလို အခြားအသင်းကြီးတွေကလည်း မျက်စိကျနေပါတယ်။