spot_img

ကိန်းကို ခေါ်ချင်ရင် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ကိုတစ်ကြိမ်တည်းလိုချင်နေတဲ့ စပါး

ဟယ်ရီကိန်းကို ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ကိုတစ်ကြိမ်တည်းဖြင့် အကြေပေးချေရန် စပါးက အလိုရှိနေကြောင်း သတင်းများက ဖော်ပြသည်။ မန်ယူသည် အင်္ဂလန် တိုက်စစ်မှူးကို ခေါ်ယူလိုသော်လည်း စပါးကမူ ပြည်တွင်းပြိုင်ဘက်ထံသို့ ၎င်းတို့၏ တိုက်စစ်မှူးကို ရောင်းချရန် အလိုမရှိဖြစ်နေသည်။

မန်ယူအနေဖြင့် ကိန်းကို ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေးကို တစ်ကြိမ်တည်းအကြေပေးချေနိုင်ရန် လိုအပ်ပြီး အရစ်ကျပေးချေမည်ဆိုသည့် ကမ်းလှမ်းချက်မျိုးကို စပါးက ပယ်ချသွားရန်ရှိနေကြောင်း မီဒီယာများက ဖော်ပြခြင်းဖြစ်သည်။

myan789

ကိန်းသည် စပါးနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျော်သာကျန်ရှိတော့သည်။ မန်ယူသည် တန်းဟက်၏ ဦးဆောင်မှုအောက်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်သော အသင်းတစ်သင်းကို တည်ဆောက်နေခြင်းဖြစ်ပြီး ကိန်းကို ခေါ်ယူလိုသော်လည်း ကာလရှည် အချိန်ဆွဲ၍ ဆွေးနွေးမှုကို ပြုလုပ်ရန်ဆန္ဒမရှိဖြစ်နေသည်။

၂၀၂၁ တွင်ကိန်းအတွက် ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းဖြင့်ကမ်းလှမ်းမှုများရှိခဲ့သော်လည်း စပါးက ပယ်ချခဲ့သည်။ ကိန်းကို ရီးရဲမက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း ခေါ်ယူလိုနေသည်။ သို့ရာတွင် ကိန်းသည် ပရီးမီးယားလိဂ်တွင်ဆက်ကစားပြီး ရှီးယားရား၏ သွင်းဂိုး ၂၆၀ ဂိုးဖြင့် တင်ထားသော ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းသူစံချိန်ကို ချိုးလိုနေသည်။ ကိန်းသည် ယခုအချိန်အထိ စပါးအတွက်ဂိုးပေါင်း ၂၇၁ ဂိုးသွင်းထားပြီး ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသော်လည်းအသင်းလိုက်ဆုဖလားကိုမူ ဆွတ်ခူးနိုင်ခြင်းမရှိဖြစ်နေသည်။

မန်ယူတွင် ရက်ရှ်ဖို့က ခြေစွမ်းပြနေသော်လည်း တိုက်စစ်မြှားဦးနေရာတွင် ကစားနိုင်မည့် တိုက်စစ်မှူး စစ်စစ်တစ်ဦးကို တန်းဟက်က ခေါ်ယူချင်နေသည်။ မန်ယူသည် ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၄၁ ဂိုးသာ ရရှိထားပြီး ပြိုင်ဘက်များဖြစ်ကြသော အာဆင်နယ်က ၆၆ ဂိုးနှင့် မန်စီးတီးက ၆၇ ဂိုးသွင်းထားနိုင်သည်။ မန်ယူသည် ကိန်းကို မခေါ်ဖြစ်ပါက နာပိုလီမှ အိုဆင်ဟမ်ကို ခေါ်ယူနိုင်ရန် ပြောင်းလဲပစ်မှတ်ထားနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular