spot_img

ကာလာဖီအိုရီ ကို ရပြီးနောက် ကွင်းလယ် ကို ထပ်မံ အားဖြည့်သွားမယ့် အာဆင်နယ်

အာဆင်နယ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလ အတွင်း အသင်းကြီး အတွက် ပထမဆုံး ခေါ်ယူမှု အဖြစ် ဘိုလောဂ့်နာ နောက်ခံလူ ကာလာဖီအိုရီ ကို ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ အီတလီ နဲ့အတူ ယူရို မှာ ခြေစွမ်းပြခဲ့တဲ့ ကာလာဖီအိုရီ အတွက် အာ‌ဆင်နယ် အသင်းဟာ ယူရို ၄၅ သန်း ဝန်းကျင် အသုံးပြု ခဲ့ရတာပါ ။

ကာလာဖီအိုရီ ဟာ လန်ဒန်မှာ ဆေးစစ်မှု ခံယူပြီးနောက် အမေရိက ခြေစမ်းပွဲ ခရီးစဉ်ကို ပူးပေါင်းဖို့ ထွက်ခွာ လာပြီလို့ သိရပါတယ် ။ အာဆင်နယ် အသင်းဟာ ကာလာဖီအိုရီ ကို ရပြီးတဲ့နောက် ကွင်းလယ်ကို ထပ်မံ အားဖြည့်တဲ့ အနေနဲ့ ဆိုစီဒက် ကွင်းလယ်လူ မင်ရင်နို ကို အာရုံစိုက် ကြိုးပမ်းတော့မှာ ဖြစ်တယ်လို့ ရိုမာနို က ဆိုလိုက်ပါတယ် ။

myan789

အာဆင်နယ် အသင်းဟာ စမစ်ရို ကို ဖူလ်ဟမ် အသင်းထံ ရောင်းချပြီးပါက မင်ရင်နို အတွက် ဆိုစီဒက် အသင်းထံ စတင် ကမ်းလှမ်း သွားမှာ ဖြစ်ပါတယ် ။အာဆင်နယ် အသင်းဟာ မင်ရင်နို ရဲ့ ကိုယ်စားလှယ် တွေနဲ့ ဆက်သွယ် ပြောဆို ထားပြီး ဖြစ်ပြီး အပေါင်း လက္ခဏာဆောင်တဲ့ အနေအထားမှာ ရှိနေပါတယ် ။

Arsenal confirm signing of Riccardo Calafiori

အာဆင်နယ် အသင်း အနေနဲ့ မင်ရင်နို ကို ခေါ်ယူရာမှာ ဘာစီလိုနာ ၊ အက်သလက်တီကို မက်ဒရစ် တို့နဲ့ အပြိုင် ကြိုးပမ်း ရမှာ ဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့က ဆိုစီဒက် အသင်း ရဲ့ သတ်မှတ်ဈေး က အဓိက ကျနေပါတယ် ။ အချို့သတင်းတွေမှာ ပေါင် သန်း ၂၀ သတ်မှတ်ထားတယ်လို့ ဖော်ပြနေကြပေမယ့် အာဆင်နယ် အသင်း အနေနဲ့ ကလပ် အသင်း အချင်းချင်း တိုက်ရိုက် စကား မပြောရသေးပါဘူး။

မင်ရင်နို ဟာ ပြီးခဲ့တဲ့ ရာသီက ဆိုစီဒက် အတွက် ၄၅ ပွဲ ကစား ၈ ဂိုးသွင်း ၄ ဂိုး ဖန်တီး ပေးခဲ့သူပါ ။ မင်ရင်နို ဟာ လာလီဂါ ကို မပြောင်းမှီ နယူးကာဆယ် အသင်း နဲ့ အတူ ပရီးမီးယားလိဂ် မှာ တစ်ရာသီကြာ ကစားခဲ့ပြီး ၂၅ ပွဲ ကစားခွင့် ရခဲ့သူ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular