spot_img

ကာရစ်ကို နည်းပြအဖွဲ့တွင် ဆက်ထိန်းရန် ကြိုးစားခဲ့ကြောင်း မန်ယူနည်းပြသစ် ရန်းနစ် ဖွင့်ဟ

မန်ယူနည်းပြသစ် ရန်းနစ်က မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သူ ကာရစ်အား သူ၏နည်းပြအဖွဲ့တွင် ဆက်ထိန်းရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

ကာရစ်သည် မန်ယူနည်းပြဟောင်း ဆိုးလ်ရှား၏ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆိုးလ်ရှား ရာထူးမှထုတ်ပယ်ခံရပြီးနောက် အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သူဖြစ်သည်။

myan789

ကာရစ်သည် မန်ယူအသင်းကို ယာယီနည်းပြအဖြစ် (၃)ပွဲကိုင်တွယ်ခဲ့ရာ ရှုံးပွဲမရှိဘဲ (၂)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်ကြာပတေးနေ့က အာဆင်နယ်အသင်းအား (၃-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် ကာရစ်က မိမိအနေဖြင့် မန်ယူအသင်းနှင့် လမ်းခွဲမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

မန်ယူနည်းပြသစ်ဖြစ်လာသူ ရန်းနစ်က မိမိအနေဖြင့် ကာရစ်ကို အသင်းတွင် ဆက်ထိန်းရန် ကြိုးစားခဲ့ကြောင်း မန်ယူနည်းပြအဖြစ် ပထမဆုံးအကြိမ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်းနစ်က “ကာရစ်ရဲ့ သတင်းကို လွန်ခဲ့တဲ့ (၂)ရက်လောက်ကတည်းက ကျွန်တော် သိခဲ့တာပါ။ ဒါကြောင့် ကာရစ်နဲ့ တစ်နာရီကျော်လောက် ဆွေးနွေးခဲ့ပြီး သူ့ကို နည်းပြအဖွဲ့မှာ ဆက်နေဖို့ ကျွန်တော် တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကာရစ်ရဲ့ ဆန္ဒကို ကျွန်တော် လက်ခံလိုက်ရတာပါပဲ”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular