spot_img

” ကာဗာနီ က အသင့်ပဲ ၊ မနက်ဖြန် ဘောလုံး ရာသီ စတင်ပြီ ” လို့ ပြောလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က 3 ပွဲပယ် ပြစ်ဒဏ် ခံခဲ့ ရတဲ့ တိုက်စစ်မှူးကြီး ကာဗာနီ ဟာ အသင်း အတွက် ပြန်လည် ကစား ပေးဖို့ အတွက် အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း ဘန်လေ နဲ့ ပွဲစဉ် မတိုင်မီ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ဆောက်သမ်တန် အသင်းကို 3 – 2 ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် တုန်းက ဂိုး သွင်းယူ ပေးခဲ့တဲ့ အီဒင်ဆန် ကာဗာနီ ဟာ လူမှု ကွန်ယက် ဖြစ်တဲ့ အင်စတာဂရမ် ပေါ်မှာ သူငယ်ချင်း တစ်ဦးကို စနောက်ခဲ့ပါ သေးတယ် ။

myan789

သာမန် အားဖြင့်တော့ ဒါဟာ သူငယ်ချင်း အချင်းချင်း စနောက်တဲ့ စကားလုံး မျှသာ ဖြစ်ခဲ့ရ ပေမယ့် အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ဖြစ်တဲ့ FA ကတော့ လူမျိးရေး ခွဲခြားတယ် ဆိုတဲ့ ခေါင်းစဉ် နဲ့ အတူ ဥရုဂွေး လက်ရွေးစင် ဖြစ်သူကို 3 ပွဲ အထိ ပွဲပယ် လိုက်ဖို့ အတွက် အပြစ်ဒဏ် သတ်မှတ် သွားခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဥရုဂွေးမှာ နေထိုင် ကြတဲ့ ကာဗာနီ ရဲ့ ပရိသတ်တွေ ၊ လက်ရွေးစင် အသင်းဖော်တွေနဲ့ ဘောလုံး အဖွဲ့ချုပ် တို့က ကာဗာနီ ဖက်မှာ ရပ်တည် ပေးခဲ့ ကြပြီး ပွဲမပယ်ဖို့ အတွက် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ် ။ ဒါပေမယ့် အပြစ်ဒဏ် ကတော့ မလျော့ကျခဲ့ရ ပါဘူး ။

ဒါ့ကြောင့် ကာဗာနီဟာ ယူနိုက်တက်တို့ အက်စတွန် ဗီလာ ( ပရီးမီးယားလိဂ် ) ၊ မန်စီးတီး ( ကာရာဘောင်း ဖလား ) ၊ ဝက်ဖို့ဒ် ( FA ဖလား ) တို့နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ် တွေမှာ ပွဲထွက် ကစားခွင့် ပျောက်ဆုံး နေခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ သူ့ရဲ့ ပွဲပယ် အပြစ်ဒဏ် ပြည့်မြောက် သွားခဲ့ ပါပြီ ။

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် တို့ဟာ ဘန်လေ အသင်း နဲ့ အရေးကြီး ပွဲစဉ် ကစားသွား ရဖို့ ရှိနေကြပါတယ် ။ အဆိုပါ ပွဲစဉ် မတိုင်မီ မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က တိုက်စစ်မှူး ကာဗာနီ ဟာ အသင်း အတွက် ကစား ပေးဖို့ အသင့်ရှိ နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အီဒင်ဆန် (ကာဗာနီ) ဟာ ပွဲပယ် ခံခဲ့ ရတဲ့ ရက်စွဲ တွေမှာ လေ့ကျင့်ရေး တွေကို ကောင်းကောင်း လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ သူဟာ အားလပ်ရက် အနည်းငယ် ကိုလည်း ပိုင်ဆိုင် သွားနိုင်ခဲ့ ပါတယ် ။ ကျွန်တော်တို့ တွေဟာ ဒီလို အနေအထား တစ်ရပ်မှာ လေ့ကျင့်မှု တွေပဲ ဖိလုပ် နေလို့ မရနိုင်ဘူးလေ ”

” အခုတော့ သူဟာ ရှေ့ဆက်ဖို့ အဆင့်သင့် ရှိနေ ပါပြီ ။ သူက ကျွန်တော် တို့ကို ခြားနားတဲ့ ရွေးချယ်မှုတွေ ပေးဆောင် သွားနိုင်ခဲ့ ပါတယ် ။ သူဟာ မေဆွန် ( ဂရင်းဝုဒ် ) ၊ မားကပ်စ် ( ရပ်ရှ်ဖို့ ) ၊ အန်သိုနီ ( မာရှယ် ) တို့နဲ့ ယှဉ်လိုက်မယ် ဆိုရင် ခြားနားတဲ့ တိုက်စစ်မှူး ၊ အထောင် တိုက်စစ် ကစားသမား တစ်ဦး ပါပဲ ”

” ဒါ့ကြောင့် သူ့ကို အခုလို ပြန်လည် ပိုင်ဆိုင်ခဲ့ ရတဲ့ အတွက် ကျွန်တော် ပျော်ရွှင်မိ ပါတယ် ။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ သူ့ကို ခေါ်ယူခဲ့ ကြတာပါ ။ သူဟာ အသင်း ရဲ့ ကစားကွက် ထဲမှာ ကောင်းကောင်းကြီး အံဝင်အောင် ပါဝင် ပတ်သက် ပေးနိုင်ခဲ့ ပါတယ် ”

” သူဟာ အခု အချိန်က စတင်ပြီး ဘောလုံး ရာသီ ကုန်ဆုံးတဲ့ အထိ ကျွန်တော် တို့ရဲ့ အသင်း အတွက် အရမ်းကို အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နိုင် လိမ့်မယ်လို့ သေချာပေါက် ပြောနိုင် ပါတယ် ။ မနက်ဖြန်က စတင်ပြီး ဘောလုံး ရာသီ စပြီလို့ ကျွန်တော်တို့ ခံစား နေရ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အကယ်လို့ ယူနိုက်တက်တို့သာ တာ့ဖ် မူူးရ် ကွင်းထဲမှာ ဘန်လေ အသင်းကို အနိုင် ( သို့ ) သရေ ရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့မယ် ဆိုရင် ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို ကျော်လွန်ပြီး အမှတ်ပေး ဇယားကို ဦးဆောင် နိုင်မှာ ဖြစ်တဲ့ အတွက် ဒါဟာ သရဲနီ ပရိသတ်တွေ အတွက် အရေးကြီး ပွဲစဉ် တစ်ခု ဖြစ်နေခဲ့ရ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular