တိုက်စစ်မှူးဟောင်းဟာ ကလပ်ရဲ့ဂန္တဝင်တစ်ဦးဖြစ်ပေမယ့် ရွန်းနီဟာ INEOS နှင့် ဆာဂျင်ရက်ဖ်ကလစ်တို့ရဲ့ အရေးမပေးမှုကို အံ့အားသင့်ဖွယ်ခံနေရတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ယူနိုက်တက်ရဲ့သွင်းဂိုးအများဆုံး ကစားသမားတစ်ဦးဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာရှိခဲ့တဲ့ ၁၃ နှစ်တာကာလအတွင်း ၅၅၉ ပွဲကစား ၂၅၃ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်အပါအဝင် ဆုဖလား ၁၆ လုံးအထိ ရရှိထားသူလည်းဖြစ်ပါတယ်။
ရွန်းနီးကို ပရိသတ်တွေက အမြင့်အဆုံးအဖြစ်သတ်မှတ်ထားပေးမယ့် လက်ရှိအသင်းပိုင်ရှင်တွေရဲ့လက်ထပ်မှာ သံတမန်ရာထူးကိုတောင် ရရှိခဲ့ခြင်းမရှိပါဘူးလို့ Daily Star က ဖော်ပြထားပါတယ်။ အသက် ၃၉ နှစ်အရွယ် ရွန်းနီအတွက်လည်း အဆိုပါရာထူးကိုထမ်းဆောင်ဖို့ အချိန်မရှိနေတာဖြစ်ပြီး လက်ရှိမှာ သူက ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်ရဲ့ နည်းပြအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။
သူ့ဟာ ကလပ်ကိုနောက်တစ်ကြိမ် ကိုယ်စာပြုဖို့အတွက် ကမ်းလှမ်းခြင်းမျိုး မရရှိခဲ့ပါဘဲ သူ့ရဲ့ပရော်ဖက်ရှင်နယ် လုပ်ဆောင်မှုက ရှင်းလင်းနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ သံတမန်ရာထူးအတွက် တစ်နှစ်ကို ပေါင် ၂ သန်းပေးနေရတဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ကိုလည်း ရာထူးမှ အနားပေးခဲ့တာလည်းဖြစ်ပါတယ်။
ရှမိုက်ကယ်၊ မာတစ်၊ ဝက်စ်ဘရောင်း၊ အန်ဒီကိုးလ်၊ အိုင်ဝင်နှင့် ရော့ဘ်ဆင်တို့ဟာ ယူနိုက်တက်နှင့် ပူးပေါင်းလုပ်ဆောင်နေဆဲဖြစ်ကာ ကမ္ဘာအရပ်ရပ်မှာ ကလပ်အတွက် ကိုယ်စားပြုလုပ်ဆောင်နေပေမယ့် ရွန်းနီကတော့ အံ့အားသင့်ဖွယ် အဆိုပါအခွင့်အရေးမျိုး မရရှိခဲ့တာဖြစ်ပါတယ်။