မက်ဆီရဲ့အင်တာမီယာမီအသင်းဟာ ပုံစံအသစ်နဲ့ပြောင်းလဲကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်လာနိုင်ချေရှိနေတယ်လို့ သိရပါတယ်။ ဖီဖာကတော့ လာမယ့်နွေရာသီမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံစံအသစ်နဲ့ပြောင်းလဲကျင်းပမှာဖြစ်ပြီး အသင်းအချို့ထပ်မံပါဝင်လာမှာဖြစ်ပါတယ်။
အမေရိကဇုန်ထဲမှာ ၂၀၂၂ ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်ရတဲ့အသင်းအပြင် မေဂျာလိဂ်ကိုယ်စားပြုအသင်းတစ်သင်းလည်း ထပ်မံဖိတ်ခေါ်ခွင့်ရမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဘက်ကတော့ အဆိုပါဖိတ်ခေါ်ခွင့်ရတဲ့အသင်းထဲမှာ အင်တာမိုင်ယာမီကို ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အင်တာမီယာမီမှာ မက်ဆီရှိနေတာကြောင့် ဖိတ်ခေါ်ခံရနိုင်ရှိနေတယ်လို့ သတင်းကြီးနေပြီး လက်ရှိ ၂၀၂၄ မှာလည်း အင်တာမိုင်ယာမီဟာ မေဂျာလိဂ်ချန်ပီယံဖြစ်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အင်တာမိုင်ယာမီနည်းပြ မာတီနိုကတော့ တကယ်လို့ ကမ်းလှမ်းမှုရရှိခဲ့မယ်ဆိုရင် လက်ခံသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ လက်ခံသွားမှာပါ။ ဘယ်လိုအသင်းမျိုးက ကလပ်ကမ္ဘာ့ဖလားမှာ မပါဝင်ချင်ပဲနေပါ့မလဲ။ ကျွန်တော်တို့ ဒီနှစ်အတွက် ပစ်မှတ်တွေရှိနေပါတယ်။ အဲ့တာက ချန်ပီယံဖြစ်နိုင်ဖို့ပါ။ အခြားနေရာတွေအတွက်လည်း ပစ်မှတ်ထားထားတာတွေရှိပါတယ်”လို့ မာတီနိုက ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၁၅ မှာချန်ပီယံဖြစ်ခဲ့ပြီးနောက် ပါဝင်ခွင့်မရတော့တာဖြစ်ပါတယ်။ အာဂျင်တိုင်းသားဟာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆု ၃ ကြိမ်ကို ဘာစီလိုနာနဲ့အတူ ရယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ၄ ကြိမ်မှာ ၃ ကြိမ်ချန်ပီယံဆုရယူထားနိုင်ခဲ့ပါတယ်။