spot_img

ကမ္ဘာ့အကောင်းဆုံးဆုအား ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်မရခြင်းအတွက် ယာဂန်ကလော့ပ်ကို မော်ရင်ဟို ဝေဖန်တိုက်ခိုက်

စပါးအသင်းနည်းပြ မော်ရင်ဟိုသည် ကမ္ဘာ့အကောင်းဆုံးနည်းပြဆုကို ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီဖလစ်ခ်မရရှိခြင်းအတွက် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်အား ဝေဖန်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မော်ရင်ဟိုသည် ဗုဒ္ဓဟူးနေ့က လီဗာပူးလ်အသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင် အကောင်းဆုံးအသင်း ရှုံးနိမ့်ခဲ့ကြောင်း ပြောကြားရာမှ ယာဂန်ကလော့ပ်နှင့် အငြင်းအခုန် ဖြစ်ပွားခဲ့ပြီး The Best အကောင်းဆုံးနည်းပြဆုကို ကလော့ပ်ရရှိခြင်းနှင့်ပတ်သက်၍ ထပ်မံဝေဖန်ခဲ့ခြင်းဖြစ်သည်။

myan789

“ဘိုင်ယန်က ပြိုင်ပွဲအသစ် နှစ်ခု၊ သုံးခုလောက်ရှာပေးမှပဲ ဖလစ်ခ်က ဒီဆုကိုရဖို့ အခွင့်အရေးရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ သူသာ တစ်ရာသီတည်းမှာ ဖလားခုနစ်လုံးလောက်ရမယ်ဆိုရင်တော့ ဒီဆုကို ရနိုင်လိမ့်မယ်။ သူက ချန်ပီယံလိဂ်၊ ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား၊ ဥရောပစူပါ ဖလားနဲ့ ဂျာမန်ဖလားမှာပဲ ဗိုလ်စွဲခဲ့တာပါ။ သူကဖလားငါးလုံးတည်းရခဲ့တာဖြစ်ပြီး အဲဒီဟာတွေအားလုံးက အရေးကြီးဆုံးဆုဖလားတွေပါ။ သနားစရာကောင်းတဲ့ ဖလစ်ခ်လို့ပဲ ကျွန်တော်တွေးမိတယ်။ ဘိုင်ယန်က ပြိုင်ပွဲ အသစ် နှစ်ခု၊ သုံးခုလောက်ထပ်ရှာပြီးတော့ သူကလည်း အဲဒီဆုဖလားတွေရယူနိုင်မှပဲ အကောင်းဆုံးဆုရဖို့ အခွင့်အရေးရှိပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် မော်ရင်ဟိုက ဆုတံဆိပ်များဖြင့် အသိအမှတ်ပြုခံရရန်အတွက် အလုပ်လုပ်နေခြင်းမဟုတ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ “ကျွန်တော်က အသိအမှတ်ပြုခံရဖို့အတွက် အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဒီကိုရောက်လာတဲ့ အချိန်မှာ ကျွန်တော်က တော်တော်လေး အထက်စီးဆန်တဲ့ပုံစံဖြစ်ခဲ့တယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်က ကိုယ့်အသင်းအတွက်၊ ကိုယ့်ကစားသမားတွေအတွက် အလုပ်လုပ်တာပါ။ ကိုယ်အလုပ်လုပ်နေတဲ့အသင်းအတွက်၊ ကိုယ့်အသင်းကို ချစ်မြတ်နိုးတဲ့သူတွေအတွက် ပျော်ရွှင်မှုပေးနိုင်ဖို့ ကြိုးစားခဲ့တာပါ။ ကျွန်တော်က ရည်မှန်းချက် အရမ်းကြီးတဲ့သူပါ။ အဲဒါတွေအားလုံး ဘာမှ မပြောင်းလဲသွားပါဘူး။ ရှုံးနိမ့်တဲ့အခါ နာကျင်မှုက အတူတူပဲဆိုတာ ကျွန်တော့်မျက်နှာမှာ ဖတ်ကြည့်လို့ရနေတုန်းပဲလို့ ထင်တယ်။ ဒါပေမဲ့ အသိအမှတ်ပြုခံရဖို့ ကြိုးစားနေတာတွေနဲ့ပတ်သက်ပြီး ကျွန်တော်ကတော့ အဲဒါတွေကို ဂရုမစိုက်ပါဘူး။ အဲဒီလိုလုပ်တာက လည်း ကျွန်တော်မဟုတ်ပါဘူး။ ကျွန်တော့်ဆီမှာ ပြောင်းလဲသွားတာ ဘာမှမရှိပါဘူး” ဟု မော်ရင်ဟိုက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular