spot_img

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် နောက်ဆုံးနှစ်နေရာအတွက် Play-offs ပွဲစဉ်များကို ကြားကွင်း၌ တစ်ကျော့တည်းကစားစေရန် FIFA ဆုံးဖြတ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် နောက်ဆုံးနှစ်နေရာဖြစ်သည့် Inter-confederation play-offs အဆင့်ကို နှစ်ကျော့စနစ်အစား ကြားကွင်း၌ တစ်ကျော့တည်းယှဉ်ပြိုင် ကစားစေရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

FIFA သည် COVID-19 ကပ်ရောဂါကြောင့် မကြုံစဖူး အနှောင့်အယှက်များ ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ၂၀၂၂ ခုနှစ် ဇွန်လတွင်ကစားမည့် ပွဲစဉ်များကို ကြားကွင်း၌ တစ်ကျော့တည်းသာ ယှဉ်ပြိုင်ကစားစေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ တစ်ကျော့တည်း ကစားစေခြင်းမှာ အလွန်ဝေးကွာသည့်ခရီးကို အပြန်အလှန်သွားရောက်ခြင်းမပြုစေရန် FIFA က ရည်ရွယ်ထားခြင်းဖြစ်သည်။ Inter-confederation play-offs မှ နှစ်သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး အာရှဇုန်၊ ကွန်ကာကပ်ဖ်ဇုန်၊ တောင် အမေရိကဇုန်နှင့် သမုဒ္ဒရာပိုင်းဇုန်မှ တစ်သင်းစီ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

myan789

Inter-confederation play-offs အဖြစ် အာရှဇုန်စတုတ္ထအဆင့် Play-off တွင် အနိုင်ရသည့်အသင်း၊ ကွန်ကာကပ်ဖ်ဇုန် တတိယအဆင့်တွင် အဆင့် ၄ နေရာ ရပ်တည်နိုင်သည့်အသင်း၊ တောင်အမေရိကဇုန်တွင် အဆင့် ၅ နေရာ ရပ်တည်နိုင်သည့်အသင်းနှင့် သမုဒ္ဒရာပိုင်းဇုန် ဒုတိယအဆင့်တွင် ဗိုလ်စွဲသည့် အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၎င်းတို့အနက် ကွန်ကာကပ်ဖ်ဇုန်၊ တောင်အမေရိကဇုန်နှင့် သမုဒ္ဒရာပိုင်းဇုန်မှ ယှဉ်ပြိုင်ခွင့်ရမည့်အသင်းများမှာ မတ်လကုန်တွင် ထွက်ပေါ်မည်ဖြစ်သော်လည်း အာရှဇုန်မှာမူ မေ/ဇွန်မှသာ စတုတ္ထအဆင့် Play-off ကစားရမည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့လေးသင်းကို နိုဝင်ဘာ ၂၆ ရက်တွင် မဲနှိုက်ရွေးချယ်၍ play-offs ကစားစေမည်ဖြစ်ပြီး အနိုင်ရသည့်နှစ်သင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခွင့်ရမည်ဖြစ်သည်။

FIFA သည် Inter-confederation play-offs ကို ဇွန် ၁၃၊ ၁၄ ရက်တွင် ယှဉ်ပြိုင်ကစားစေရန် ဆုံးဖြတ်ထားပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နိုင်ငံကို မရွေးချယ်ရသေးသော်လည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင် ကာတာနိုင်ငံကိုသာ ရွေးချယ်ဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် အုပ်စုမဲခွဲပွဲအခမ်းအနားကို ဧပြီ ၁ ရက်တွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပမည်ဖြစ်ပြီး အခမ်းအနား ကျင်းပချိန်တွင် အိမ်ရှင်ကာတာ အပါအဝင် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ရသည့်အသင်း ၃၀ သာ ထွက်ပေါ်ဦးမည်ဖြစ်သည်။

လက်ရှိအချိန်အထိ နောက်ဆုံး အဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရထားသည့်အသင်း ၁၃ သင်းရှိနေပြီး အိမ်ရှင်ကာတာ၊ ဥရောပဇုန်မှ ၁၀ သင်း နှင့် တောင်အမေရိကဇုန်မှ နှစ်သင်း ဝင်ခွင့်ရထားသည်။ ဥရောပဇုန်မှ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထားသည့် အသင်းများမှာ ဂျာမနီ၊ ဒိန်းမတ်၊ လက်ရှိချန်ပီယံ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ခရိုအေးရှား၊ စပိန်၊ ဆားဘီးယား၊ အင်္ဂလန်၊ ဆွစ်ဇာလန်နှင့် နယ်သာလန်တို့ဖြစ်ပြီး တောင်အမေရိကဇုန်မှ ခြေစစ်ပွဲအောင်မြင်ထားသည့် နှစ်သင်းမှာ ဘရာဇီးလ်နှင့် အာဂျင်တီးနားတို့ဖြစ်သည်။ သို့ဖြစ်ရာ ခြေစစ်ပွဲအောင်မြင်ရန် ၁၉ သင်းကျန်ရှိ နေသေးသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular